အချစ်လေညှင်း Part 3

61 2 0
                                    

အချစ်လေညှင်း
အပိုင်း ၃

ညနေ ငါးနာရီ အဝေးပြေးကားဝန်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ညနေ ငါးနာရီ အဝေးပြေးကားဝန်း

"မာမီ မောင် ဘွားဘွားဆီမှာ ခဏ သွားနေချင်လို့ပါ
ကျောင်းတွေဖွင့်ရင်ပြန်လာပါမယ် ‌မာမီ ။ မာမီပြန်လာတာမစောင့်ဘဲ ထွက်လာမိလို့ စိတ်မဆိုးပါနဲ့
ကျန်းမာရေး ဂရုစိုက်ပါ"

ဟူး """ မောင် voice message ပို့ပြီး သက်ပြင်းရှည် ချမိသည်။ မောင် မာမီ့ကို မတွေ့ချင်တော့ဘူး
စကားမပြောချင်တော့ဘူးမာမီ ။
မာမီအခု ပြန်လာတာ မာမီ့နောက်ယေင်္ကျားရဲ့ သမီးကို ခေါ်လာမှာ မောင်သိပါတယ်
မောင် သူ့ကိုလည်း မတွေ့ချင်ဘူး။
မောင့်ကို လွှတ်ထားပေးပါမာမီ.....

Bus station ရဲ့ လွတ်တဲ့ခုံတစ်နေရာမှာ မောင့် luggage အမဲလေးရှိ‌နေပေမယ့်
မန္တလေးကို သွားမယ့်ကားလက်မှတ်တော့ မောင့်မှာမရှိသေးဘူး။
Cancel ဖြစ်မယ့်ခုံရှိရင် ဒီည ကားစီးနိုင်မယ်
မရှိရင် ဒီမှာပဲ‌ထပ်စောင့်ရမှာပေါ့ ကိစ္စမရှိပါဘူး မောင်ရေ ကိုယ့်ဘာသာ အားပေးရင်း
လက်မှတ်ရောင်းတဲ့ အမကို ကြည့်မိတယ်
မောင်‌အရေးပေါ်လက်မှတ်လိုကြောင်း
သူ့ကိုပြောထားသည် မဟုတ်လား။

ကံကောင်းစွာနဲ့ မောင် လက်မှတ်တစ်စောင်ရခဲ့ပြီ
ခုမှစိတ်ဒုန်းဒုန်းချပြီး မောင် အနားက mini market ကို ဖြေးဖြေး လျှောက်လာမိတယ်

နေ့လည်က စက်ဘီးမှောက်တာ ခြေထောက်နာသွားတာ ခုမှပိုနာနေတာတစ်ကြောင်း
လက်က ဖန်ကွဲစူးတာကို ဆေးမထည့်ရသေးတာ တစ်ကြောင်း cigarette ဝယ်ဖို့ တစ်ကြောင်းနဲ့
မောင် ဆိုင်ထဲဝင်ခဲ့ ပြီး အကိုက်အခဲပျောက်ဆေး ပတ်တီး ဆေးတချို့ဝယ်လိုက်တယ်။

လက်ကဒဏ်ရာကို ဖြစ်သလိုကုလိုက်ပြီး
လောလောဆယ် တစ်လိပ်လောက်သောက်မှ မောင် စိတ်ငြိမ်တော့မယ်လေ

Bus station ရဲ့ ထောင့်တစ်နေရာ မှာ luggage ပေါ်ထိုင်ပြီး ဆေးလိပ်သောက်နေတဲ့ လူငယ်လေးတ‌စ်ယောက် ကို ငြမ်းကြည့်မိသွားတယ်ကြည့်မိတာက ဖြစ်သလိုပတ်ထားတဲ့ လက်က ပတ်တီးကြောင့် ဖြစ်တယ်။လူငယ်တွေ ပျက်စီးနေကြပါလား။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Bus station ရဲ့ ထောင့်တစ်နေရာ မှာ luggage ပေါ်ထိုင်ပြီး ဆေးလိပ်သောက်နေတဲ့ လူငယ်လေးတ‌စ်ယောက် ကို ငြမ်းကြည့်မိသွားတယ်
ကြည့်မိတာက ဖြစ်သလိုပတ်ထားတဲ့ လက်က ပတ်တီးကြောင့် ဖြစ်တယ်။
လူငယ်တွေ ပျက်စီးနေကြပါလား။

လက်မှတ်က မမငယ် လှမ်းဝယ်ပေးထားလို့ တော်သေးတယ် ခုချိန်မှ ဆို ခုထွက်မယ့်ကား သူလိုက်ရမှာမဟုတ်ဘူး။
သူ့ကားက workshop မှာ အပ်ထားခဲ့ရတယ်
ပစ္စည်းပြတ်နေလို့ ချက်ချင်းလုပ်မရဘူး
Express နဲ့ပဲ သွားရမယ် မေသစ်ဆီရောက်ဖို့က အရေးကြီးသည်မဟုတ်လား။

ကားဆိုမှ စာအုပ်လေးကို သတိရသွားတယ်
ကားပေါ်မှာကျန်ခဲ့တာပါလား
ပြန်လာမှ ဖုန်းဆက်ရမယ် အလျော်တောင်းဖို့ထက်
ဘယ်နေရာထိခိုက်သွားလဲ မေးရမယ်မဟုတ်လား။

"ကား နံပါတ် ***** မန္တလေးသို့ လိုက်ပါမည့် ခရီးသည်များ နေရာယူပေးကြပါရှင်"

"ကား နံပါတ် ***** မန္တလေးသို့ လိုက်ပါမည့် ခရီးသည်များ နေရာယူပေးကြပါရှင်"

ငြမ်း နေရာရောက်တော့ တဖက်လူမရှိ
ကောင်းတယ်ကွာ တစ်ယောက်ထဲ အေးဆေး အိပ်လိုက်လို့ရတယ်။

"ထိုင်ခုံနံပါတ် B 20မှ ခရီးသည်ခင်ဗျာ
မကြာမီအချိန်တွင်း ယဉ်စတင်ထွက်ခွာတော့မှာဖြစ်လို့ နေရာယူပေးပါ ခင်ဗျာ"

"ထိုင်ခုံနံပါတ် B 20မှ ခရီးသည်ခင်ဗျာ
မကြာမီအချိန်တွင်း ယဉ်စတင်ထွက်ခွာတော့မှာဖြစ်လို့ နေရာယူပေးပါ ခင်ဗျာ"

ငြမ်းဘေးခုံက နံပါတ်ပဲ ဘယ်လိုလူလဲကွာ
အချိန်မလေးမစားနဲ့

ငြမ်း ကားပြတင်းပေါက်ကို ကြည့်မိတော့
Toilet နေရာကနေ ကားစီသို့
ခြေထောက် ထော့နဲ့ထော့နဲ့ ဖြေးဖြေးလာနေသော လူငယ်လေးတ‌စ်ယောက်
ခုန ဆေးလိပ်သောက်နေတဲ့သူပါလား
ဒီကောင်လေး ငါ့ဘေးမှာထိုင်မယ်
ဟူးးး"""

ဆက်ရန်

အချစ်လေညှင်းWhere stories live. Discover now