Introduction

1.4K 36 13
                                    

"မားခ်လ် ခိုင်ပေါပေါ ခိုင်ပေါပေါ"

"လောင်ခမ်း"
မြို့လေး၏ ငါးရက်တာစျေးနေ့တွင် စျေးသည်များ၏စကားသံဝဲဝဲများကို ဖြတ်ကျော်ပြီးနောက်၊ မြေနီရောင်လမ်းကလေးပေါ်သို့
သူရောက်လာမိသည်။
ထိုလမ်း၏ တစ်ဖက်တစ်ချက်ရှိ
စိန်ပန်းပြာများသည် မြေနီရောင်လမ်းအား
အုပ်မိုးထားကာ လှလှပပပွင့်လန်းနေ၏။

နွေရာသီအလျှောက်
ကောင်းကင်ယံတွင် မထူမပါးခင်ကျင်းထားသည့် တိမ်စိုင်လွင်လွင်များသည် လေနှင်ရာသို့တရွေ့ရွေ့လှုပ်ရှားနေကြသည်။သစ်လွင်တောက်ပနေသော နေရောင်ခြည်နှင့်အပြိုင်
လောင်ခမ်းမြို့လေးသည် အရင်လို နေချင်စဖွယ်လှပမြဲပင်...

ထို့သို့သော
ပက်ဝန်းကျင်မြင်ကွင်းအဖုံဖုံသည် သူ့စိတ်ကို မချွေးသိပ်နိုင်၊ မအေးချမ်းစေနိုင်.....

မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖက်ရသောဒုက္ခမှ လွက်ကင်းရသော်လည်း၊
ချစ်သောသူနှင့်ဝေးကွာရသော ဒုက္ခသည်..
သူ့နှလုံးသား၌ တနင့်တပိုး..

စိန်ပန်းပြာတန်းကို ကျော်လွန်၍ ဆက်လျှောက်သော်၊ တောရိုင်းပန်းများကိုလည်း ဟိုတစ်စွန်းဒီတစ်စ မြင်ရပြန်သည်။အရာရာသည် အသစ်ပြီးရင် အသစ်ဖြစ်၍၊ လှမြဲအတိုင်းလှပဆဲပင်။သူ့အတွက် ထိုအလှတရားများသည် တစ်သက်တာရိုးအီမသွားနိုင်သော အမှက်တရများပါပင်။ချစ်ရသူ၏ အငွေ့အသက်တို့ တည်ရှိနေသော ဤမြို့လေးသည် သူသက်ဆုံးတိုင်အခြေချချင်သည့် မေတ္တာမြို့လေးဖြစ်သည်။

"တီ...တီ...!!!"

"ဟေ့လူ ရှေ့ကဖယ်ပေးလေး.. ။ကားနော့် တိုက်ရင်သေတယ်.."

ခရီးသွားလိုင်းကားလေး၏ အနောက်မှခိုတွဲစီးနေသော ကားစပါယ်ရာကြီး၏ အသံကြောင့်၊ကျဥ်းမြောင်းသော လမ်းလေးပေါ်မှ ဘေးဘက်သို့ ဆင်းပေးလိုက်သည်။ ကားခေါင်းခန်းရှိ ရေဒီယိုမှ ပျံ့လွင်နေသော သီချင်းသံကိုလည်း သူကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။

...ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းတိုင်းဖြစ်စေမည်...တဲ့။ မှန်ပါသည်
ချစ်ခြင်းမေတ္တာကြောင့်သာလျှင်
ချစ်သောသူနှင့်ဝေးကွာရသောဒုက္ခအား
သူကြံ့ကြံ့ခံနေနိုင်ခြင်းဖြစ်သည်။

စိုင်းမိုင်စိုင် ( or ) Doctor's Cherry🌸Where stories live. Discover now