Part-2(U/Z)

267 19 1
                                    

လိမ္မော်ရောင်နေဝန်းကြီးသည်
လောင်ခမ်းမြို့အား ဝန်ရံထားသော
တောင်တန်း၊တောင်စွယ်တို့ကြား၌
တိမ်မြုပ်ပျောက်ကွယ်သွားချေပြီ....

စိမ်းညို့နေသော တောင်အထပ်ထပ်မှာ
မြူများရစ်သိုင်းနေသောကြောင့်
ပို၍ပင် အုံ့ဆိုင်းမှိုင်းညှို့နေတော့၏..

ဆောင်းဝင်ခါစ အေးမြမြတိုက်ခက်နေသော
လေထုနှင့်အတူ၊ သာမန်ထက်ပိုမိုသိပ်သည်းလာသော​မြူငွေ့တွေကြောင့်လည်း အအေးဓာတ်သည် မနေ့ကထက်ပင် ပိုမြင့်တတ်နေသယောင်ပင်။

နိုဝင်ဘာလ ဆိုသည်မှာ မြေပြန့်တွင်
အအေးဓာတ်ထက်၊အပူဓာတ်က ပိုများသော
အချိန်ဖြစ်သည်။
ထို့ကြောင့်လည်း လောင်ခမ်း၏ ရာသီဥတုအား လျှော့တွက်မိခြင်းပင်။မောင် ရှိရာအခန်းထဲသို့ ဝင်ရောက်လာသောအေးစိမ့်သည့်လေထုကြောင့် ၊စောင်အောက်သို့ပိုတိုး၍ကွေးနေမိသည်မှာ ပုဇွန်ကို အပူပေးထားသည့်အလားပင်။မနေ့ညက ခရီးပန်းသည့်အရှိန်ဖြင့်အိပ်ပျော်ရန်
မခက်ခဲသော်လည်း၊ ယခုညတွင်တော့ လွန်ကဲသောအအေးဓာတ်ကြောင့်
တော်ယုံနှင့်အိပ်မပျော်နိုင်ပေ။

"ဝူး...ဝူး..ဝူး....!!"

အိမ်​ရှေ့နားသို့ရောက်လာသော
ဆိုင်ကယ်စက်သံကြောင့်  အိပ်ယာထဲခွေနေရာမှ ခေါင်းထောင်သွားမိသည်။
ခနအကြာတွင် ဘာသံမျှထပ်မကြားရသဖြင့်
ပြန်လှဲအိပ်နေလိုက်သည်။

"သုတမောင်တို့က ခွေးဟောင်တိုင်း ထမကြည့်တတ်ဘူး အိပ်ရေးပျက်တယ်"

အစက ဆေးရုံဝန်းထဲရှိ ဝန်ထမ်းအိမ်ယာတွင်နေရမည်ဟု ထင်ထားသော်လည်း..
သီးသန့်အိမ်လေးတစ်လုံး ပြင်ဆင်ပေးသဖြင့်အဆင်တော့ပြေပါသည်။
အရင်ကလည်း သူငယ်ချင်းများနှင့် အဆောင်တွင်စုနေခဲ့ဖူးသဖြင့်
စားရေးသောက်ရေးလည်း သူ့ဟာသူ
စီစဥ်ချက်ပြုက်တတ်၍ ကိစ္စတော့မရှိပေ။

လေကောင်းလေသန့်ရှုရှိုက်ရယုံ၊ သူ့ကို
စိတ်အနှောက်အယှက် ပေးမည့်သူမရှိယုံနှင့်ပင် ဤဒေသလေးကို နှစ်ခြိုက်နေပြီဖြစ်သည်။

"ဒေါက်တာ..ဒေါက်တာ!!"

အတွေးထဲတွင်ချီးကျူးနေတုန်းရှိသေး၊
အိမ်အောက်မှ ခပ်မာမာခေါ်သံကြောင့်
စောင်အောက်တွင်ရှိနေသည့် သူ့ခေါင်းအား
အပြင်သို့ ခက်ခက်ခဲခဲထုက်လိုက်ကာ..

စိုင်းမိုင်စိုင် ( or ) Doctor's Cherry🌸Where stories live. Discover now