အမှောင်ထု.....ပိတ်ဖုံးနေသောအရာတစ်ခုကို ဘယ်လိုဖြေရှင်းရင်း အလင်းကိုရှာရပါမည်နည်း။တွေ့ကြုံလာသမျှအရာအားလုံးတို့တွင် အမှောင်ထုကြောင့်ကြောက်လန့်တုန်လှုပ်နေခဲ့ရသည်ချည်းသာ။အချိန်ဟူသောသတ်မှတ်ချက်တို့ကို လိုသလိုသာရွေ့လျားကျော်လွှားနိုင်ပါက ရစ်ကျော်ပစ်လိုက်ချင်တော့သည်။
ကံတရားကပေးသောဘ၀တွင် ၂၄နှစ်တိုင်တိုင်နေခဲ့ပြီးပြီဖြစ်၍ ယခုတော့ဖြင့်လည်းတော်သင့်ပြီ ရပ်သင့်ပြီဟုသာထင်မိတော့သည်။အသက်အရွယ်အရကြုံဆုံလာရသောလောကဓံတို့က ကြောက်ခမန်းလိလိဖြစ်ခဲ့ဖူးပြီ။မျက်ရည်မျိုးစေ့တို့က ဤမြေလွှာပေါ်သို့တဖြောက်ဖြောက်ကျခဲ့ဖူးသည်ကိုလည်း ရေတွက်ခြင်းအားဖြင့်မတတ်နိုင်တော့သည်သာ။
အမေတစ်ခုသမီးတစ်ခုဘ၀ကလေးနှင့်ရှင်သန်ရုန်းကန်လာရင်း ယခုတော့ဘွဲ့ရပညာတတ်ကလေး အများသူငါအားကျချစ်ခင်ရသည့်မင်းသမီးပေါက်စကလေးဖြစ်ရုံရှိသေးသည်။လောကကြီးကိုနှုတ်ဆက်ထွက်ခွာချင်စိတ်တို့က နေ့ညမလပ်နှိုးဆော်နေကြသကဲ့သို့ မိခင်၏မျက်နှာဖြင့် တဇွတ်ထိုးမဆုံးဖြတ်ရဲသေးသည့် ဆယ်ကျော်သက်အမျိုးသမီးကလေးတစ်ယောက်ရှိ၏။အမည်နာမအားဖြင့် မြတ်ဆုငယ်ဟုခေါ်တွင်၏။ရုပ်ရှင်လောကတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် GL series ဖြင့် မျက်နှာပန်းလှလှပွဲထွက်ခဲ့သူ။Lesbian ပရိသတ်တို့ကြားရေပန်းစားလူကြိုက်များခဲ့သည့် "My Soul" GL ဇာတ်လမ်းတွဲ၏ခေါင်းဆောင်မင်းသမီးဖြစ်ခဲ့ပေသည်။GL entertainment တစ်ခုဖြစ်သည့် Warrior Entertainment ပိုင်မင်းသမီးဆိုလည်း မမှားပေ။
များပြားလှစွာသော အောင်မြင် ကျော်ကြားမှုတို့နောက်ကွယ်တွင်လည်း မလှပခဲ့သည့်ငယ်ဘ၀ကလေးလည်းရှိခဲ့ဖူးပေ၏။ငါးတန်းအရွယ်မှစ၍မိတစ်ကွဲဖတစ်ကွဲဘ၀ဖြင့် Broken family ဘ၀ကို ငယ်ရွယ်စဉ်ကတည်းက ကြုံတွေ့နေထိုင်ခဲ့သူလည်းဖြစ်ပေသည်။မိခင်၏အမေအိမ်ဘက်၌ ပျိုရွယ်စဥ်ဘ၀ကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့သူ။အထက်တန်းကျောင်းသူဘ၀ကလေး၌လည်း မိသားစုထံမှရရှိခဲ့သည့်စိတ်ဒဏ်ရာကြောင့် စကားနည်းကာ ချောင်တစ်ချောင်တွင်သာကုပ်ကုပ်ကလေးနေတတ်သူပေ။
YOU ARE READING
Under the darkness (Ongoing)(Unicode+Zawgyi)
Teen Fiction"ဆေးဆိုးထားတဲ့ဒုက္ခတွေများလှလိုက်တာမမခက်ရယ်" "မမြင်သာရင်လည်းမကြင်ပါနဲ့တော့လား"