အပိုင်း - ၂(Unicode)

166 26 3
                                    

(ဤဇာတ်လမ်းတွင်ပါ၀င်သောအကြောင်းအရာများသည်စိတ်ကူးယဉ်သက်သက်သာဖြစ်၍ အပြင်လောကနှင့်တိုက်ဆိုင်မှုနည်းပါးပါလိမ့်မည်။အပိုင်း၁တုန်းကအမှာစကားမပါးလိုက်ရလို့ပါစာဖတ်သူ‌တို့ရေ)

        ရန်ကုန်ကဲ့သို့လူသံသူသံဆိုင်ကယ်သံများလှသည့်မန္တလေးမြို့ကြီးတွင် မနက်အိပ်ရာနိုးသည်နှင့် ပြတင်းပေါက်မှအပြင်ကိုလှမ်းကြည့်လိုက်လျှင် ကားနှင့်ဆိုင်ကယ်များက အသံစုံ လူစုံ။အလုပ်နားပြီးမန္တလေး၌ ဆေးကုသရင်းတစ်နှစ်ခန့်နေမည်ဟုဆုံးဖြတ်ထား၍ မနက်အိပ်ရာနိုးချိန်မှာ အတိအကျတော့မရှိပေ။မနက်၈နာရီလောက်နိုး၍ တိုက်၏အပေါ်ထပ်၀ရန်တာမှ လမ်းဘက်သို့ ရှေးရှုမျှော်ကြည့်နေခဲ့၏။

       လမ်းမှာတိုက်နှင့်မနီးမဝေးဖြစ်၍ လှုပ်ရှားသွားလာနေကြသောလူများ ကားများကိုကြည့်နေရသည်က အတော်ပင်စိတ်၀င်စားစရာပေ။ရန်ကုန်အိမ်၌ဆိုလျှင် အိမ်ရာ၀င်းအတွင်းနေရ၍ ယခုကဲ့သို့ကားသံလူသံမှာ ရိုက်ကွင်းသွားသည့်အချိန်မှလွဲ၍ မမြင်ရတတ်။မြင်ရသော်လည်းကားမှန်အတွင်းမှရိပ်တိတ်ရိပ်တိတ်မြင်ရခြင်းသာရှိ၏။

        ရန်ကုန်သူမန္တလေးရောက်သည်မှာတစ်လကျော်ပြီဖြစ်သော်လည်း မနက်တိုင်းမြင်ရသည့် ဤမြင်ကွင်းကိုတော့ အမှတ်ရအောင် နေ့စဉ်ထွက်ကြည့်ဖြစ်၏။ရည်ရွယ်ချက်မျိုးစုံ၊စိတ်ကူးမျိုးစုံ၊ပြဿနာမျိုးစုံနှင့်သွားလာနေကြသောလူတစ်စုအား ယခုလို မနက်တိုင်းမမေ့မလျော့ကြည့်မိသည်။အကြောင်းအရင်းမှာ "ငါတည်းမဟုတ် သူတို့လည်းဘဲ" ဟူသော စိတ်ဖြေစရာရ၍သာ။

          "သမီးရေ ထရင်လည်းမနက်စာလာစားတော့"

ဟူ၍ အောက်ကပန်းခုံတွင်ပိုက်တစ်ချောင်းနှင့်ရေဖြန်းနေသည့် မိခင်ဒေါ်ထက်ထက်နိုင်ကလှမ်း၍ မော့ပြောလိုက်လျှင် -

"ဟုတ်ကဲ့ပါမေမေ သမီးခဏနေအောက်ဆင်းလိုက်မယ်"

         မိခင်မှာပြောလက်စစကားပြီးဆုံးသည်နှင့်သူ့ပန်းပင်များသူအာရုံစိုက်နေတော့သည်။မိခင်မှာအေးဆေးတည်ငြိမ်သကဲ့သို့ ပန်းပင်ကလေးများကိုအလွန်မြတ်နိုးသူဖြစ်၍ ဤခြံကို၀ယ်စဉ်က ပန်းခုံကလေးပါသဖြင့် အတော်ကိုသဘောကျနေရှာသည့်မြင်ကွင်းကို မြင်ယောင်နေပါသေးသည်။

Under the darkness (Ongoing)(Unicode+Zawgyi)Where stories live. Discover now