အပိုင်း - ၄(Unicode)

110 24 5
                                    

     ညီအစ်မနှစ်ယောက်နန်းရှေ့အိမ်သို့သီတင်းကျွတ်ဂါရ၀ပြုသွားကြရာ၀ယ် တစ်မြို့တည်းနေသော်လည်း မတွေ့ဖြစ်သည်ကများသည်။ကိုယ့်အလုပ်သူ့အလုပ်ရှုပ်နေကြသူအချင်းချင်း ဖုန်းတစ်ကောစာအချိန်မျှပင်မပေးမိကြသဖြင့် တွေ့လိုက်ကြပြန်လျှင်လည်း နှစ်ရှည်လများမဆုံခဲ့ရသူများသဖွယ် -

"မတွေ့ရတာကြာပေါ့ ငါ့တူမကြီးတွေ နေရောကောင်းကြရဲ့လား"

"ကောင်းပါတယ်လေးလေး မမသက်ရောခက်ပါနေကောင်းတယ်"

"လေးလေးဆီသာမလာဖြစ်နေတာ နှစ်ယောက်လုံးကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မအားတာနဲ့ ဒီဘက်မလှည့်ဖြစ်ကြတာ"

"ဒါပေါ့ကွယ် ‌လေးလေးနားလည်ပါတယ် အလုပ်တာ၀န်ကိုယ်စီနဲ့လေးလေးတူမတွေအတွက်အမြဲဂုဏ်ယူနေတာပါကွ"

"ကဲ ထိုင်ကြဦး"

"ဟေး အထဲက လှိုင်လှိုင်တို့တို့မြိုင်မြိုင်တို့ ညည်းတို့ဒေါ်လေးတွေရောက်နေသဟေ့ ထွက်လာခဲ့ကြဦး"

"မေကြီးရေ တူမလေးတွေလာတယ်ဟေ့"

        ကားပေါ်ကဆင်းဆင်းချင်းတိုက်ထဲမှထွက်လာကြိုသောဦးလေးက မိသားစု၀င်များကိုတကြော်ကြော်အော်ခေါ်နေလေ၏။ဦးလေး ဦးစိုင်းစံတင်ထွန်းမှာ အငြိမ်းစားဗိုလ်မှုးဟောင်းဖြစ်ကာ ဇနီးဖြစ်သူမှာလည်း အငြိမ်းစားကျောင်းအုပ်ဆရာမကြီးပေ။ဦးလေး ဦးစိုင်းစံတင်ထွန်း၊သွားလေသူအဒေါ် ဒေါ်နန်းမာလာမောင်၊သွားလေသူမေမေ ဒေါ်နန်းဥမ္မာမောင်တို့မှာ တစ်ဖအေ တစ်မအေထဲမှ မွေးဖွားခဲ့သည့်မောင်နှမအရင်းခေါက်ခေါက်လည်းဖြစ်၏။မောင်အငယ်ဆုံးလည်းဖြစ်၏။

       မိခင်၏သွေးသားများတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့်တစ်ဦးတည်းသောသူဖြစ်သည်။အသက်အားဖြင့် ၆၀ ကျော်နေပြီဖြစ်သော်လည်း ကျန်းမာရေးအထူးလိုက်စားသူဖြစ်၍ ဆေးရုံဆေးခန်းပြေးရသည်မှာ ရွယ်တူများနှင့်ယှဉ်လျှင်နည်းပါးပေသည်။ကျန်းကျန်းမာမာရှိနေ၍ ယခုလိုဂါရ၀ပြုရသည်ကလည်း ကံကောင်းခြင်းတစ်မျိုးပင်။မောင်နှမသုံးယောက်မှာ ရုပ်ဆင်လွန်းလှသဖြင့် ဦးလေးကိုမြင်တိုင်း သွားလေသူနှစ်ယောက်ကိုပြန်မြင်ရသကဲ့သို့ ခံစားရလေ၏။

Under the darkness (Ongoing)(Unicode+Zawgyi)Where stories live. Discover now