Part _24

15.7K 642 14
                                    

💐ငယ်ကအချစ် နှစ်တစ်ရာ💐
~~~~~~~~~~~~~~~~~~~~
Part_ 24

ဒီနေ့ ကိုကြီးနဲ့အပြင်မှာdateဖို့ချိန်းထားတာမို့ အလှဆုံးပြင်ဆင်ပြီး တစ်ခြံကျော်မှာ ကိုကြီးကားကစောင့်နေပြီမို့ ပါပီလေးကိုချီကာ ထွက်လာလိုက်သည်....

ဖော့ရိန်းရှပ် ချောကလက်ရောင်ကို အသားရောင်Skin style pantနဲ့ တွဲဝတ်ထားတဲ့ ကိုကြီးရဲ့ ပုံစံဟာ မြင်နေကြ အနောက်တိုင်းဝတ်စုံနဲ့အနည်းငယ်ကွဲထွဲနေကာ တစ်မျိုးလေးကြည့်ကောင်းလေသည်.....
ကားကိုမှီကာ လက်ပိုက်ပြီးရပ်နေတဲ့ပုံစံက မိမိုက်နေကာ ရွှေရောင်လဲ့လဲ့နေကာမျက်မှန်ကြီးနဲ့ စတိုင်ကျနေသည်....

ကားတံခါးမဖွင့်ပေးဘဲ ပိုပိုလက်ထဲက ပါပီလေးကို မျက်မှန်ကိုဆွဲချွတ်ကာ ခပ်တည်တည်ကြည့်နေလေသည်.....

"ကလေး ဒီခွေးက"

"ကိုကြီးမွေးနေ့လက်ဆောင်ပေးခဲ့တာလေ"

"အခုထိရှိသေးတာလား"

"အယ် မေးရက်တယ်နော်ကိုကြီး ရှိတာပေါ့  ကိုကြီးပေးထားတဲ့လက်ဆောင်လေးကို ပိုပိုက တယုတယ သေချာမွေးထားတာ ပြောရမယ်ဆို ကိုကြီးအစားအလွမ်းပြေလေး သိပ်ချစ်တာပဲ ပါပီလေးကို"

ပိုပိုဟာပြောရင်း ငုတ်တုတ်ထိုင်ချလိုက်ကာ ပါပီလေးကိုချီလိုက်ပြီး တရှုံ့ရှုံ့နဲ့ပွေ့ပိုက်ကာနမ်းပါတော့သည်.....

ထွဋ်ဒီပါလင်းဟာ ညွှန်းယူပို ကိုမျက်လုံးတွေမှေးစင်းကာ လက်ပိုက်ကာကြည့်နေလေသည်.....

"ပိုပိုရဲ့ ပါပီလေး"

"ကိုကြီး အာဘွားပေးလိုက်ပါအုံး ပါပီလေးကို "

ပိုပိုကပါပီကိုသာကြည့်ကာမြှူနေပြီး ကိုကြီးမျက်နှာကိုမကြည့်မိ....

"ပါပီလေး ပါးပါးကြီးကို အာဘွားပေးလိုက်ပါအုံး"

ခွေးကလေးရဲ့ ကိုယ်ကို အနည်းငယ်မြင့်ပြီး ကိုကြီးရဲ့ ပါးအနားကပ်ဖို့ အလုပ် ကိုကြီးရဲ့ခပ်တည်တည်အကြည့်ကြီးကြောင့် ပိုပို လက်တွန့်သွားသည်.....

"ကိုကြီး "

"Dateဖို့လေ ဒီခွေးက ဘာလုပ်မှာလဲကလေး အိမ်မှာပြန်သွားထားလိုက်"

💐ငယ်ကအချစ် နှစ်တစ်ရာ💐Where stories live. Discover now