Part _4

28.1K 628 31
                                    

💐ငယ်ကအချစ် နှစ်တစ်ရာ💐
~~~~~~~~~~~~~~~~~~~~~
အပိုင်း(4)

"ကလေး"

"ကိုကြီး"

ပိုပိုတို့ ကျောင်းရှေ့မှာရပ်နေတဲ့ကိုကြီးကြောင့် ကားပေါ်ကဆင်းတာနဲ့ ကိုကြီးဆီပြေးသွားလိုက်သည်...

"ဖြေးဖြေးလေဗျာ"

"ကိုကြီး ကျောင်းမတက်ဘူးလားဒီနေ့"

"ဘွဲ့ယူခါနီးပြီဆိုတော့ ဟိုလစ်ဒီလစ်ပေါ့ သိပ်မတက်ဖြစ်တော့ဘူး"

"ဟင်းးးး ပိုပိုလည်း တက္ကသိုလ်တက်ချင်လှပြီ ဒါပေမယ့် ပိုပိုUniရောက်ရင် ကိုကြီးက ဘွဲ့ရပြီးနေပြီ ကျောင်းမှာ ဘယ်ရှိတော့မလဲနော် "

"မရှိလည်း ဘာဖြစ်လဲ ကိုကြီးက ကလေးလေးကိုအမြဲလာတွေ့မှာပေါ့ စာသာကြိုးစား နားမလည်တဲ့စာရှိရင် ဘယ်စီနီယာကိုမှ မမေးနဲ့ ကိုကြီးကိုပဲမေး ကိုကြီးအမြဲမှာတာတွေမမေ့နဲ့ အချိုတွေအများကြီးမစားရဘူး ရေခဲရေတွေမသောက်ရဘူး ရည်းစားမထားရဘူး ယောကျာ်းလေးသူငယ်ချင်းမထားရဘူး "

"အင်းပါ ကိုကြီးရဲ့"

ကိုကြီးကတော့ ညီမလေးတစ်ယောက်လိုဆုံးမနေပေမယ့် ပိုပိုကတော့ ကိုကြီးရဲ့ ညီမလေးမဖြစ်ချင်တော့တာ ကိုယ့်ကိုယ်ကိုသာသိသည်.....

ထွဋ်ဒီပါလင်းကတော့ ဒီကလေးငယ်အရွယ်
မ​ရောက်မချင်း သူ့မှာ တယုတယနဲ့ ဥထားနေရတာအသိဆုံး ....ကလေးလေးကအရင်လို ဝတုတ်မလေးမဟုတ်တော့ဘဲ Grade 7လောက်ကနေ ကိုယ်ရည်စစ်သွားကာ အခုဆိုရင် အပျိုပေါက်လေးတစ်ယောက်လို လှပချောမောတဲ့မိန်းကလေးဖြစ်လာပြီမို့ သူ့မှာရင်မောရပါသည်...
တွေ့တိုင်း ဆုံးမရတာလည်းအမောဖြစ်သည် .....

"ကလေး ဒီနေ့ ၅ရက်နေ့နော် ရော့"

၅ရက်နေ့ဆိုတာနဲ့ ကိုကြီးက လိုအပ်တာများစီစဥ်ပြီး ပေးတတ်သည်...
ဘာလို့လဲဆိုတော့ ပိုပိုရဲ့ ဓမ္မတာလာရက်ဟာ ၆ရက်နေ့ သို့မဟုတ် ၇ရက်နေ့ဖြစ်သည်....

အိတ်ထဲမှာသေချာထည့်ထားပြီးပါလာတာတွေကိုကြည့်လိုက်တော့...
ပိုပိုသုံးနေကျလစဥ်သုံးဂွမ်းထုတ်ရယ် ဆေးကဒ်လေးရယ် အားဆေးရယ် ဖြစ်သည်...
ဒါတွေဟာ ပိုပို ဓမ္မတာ စလာဖူးတဲ့နေ့တည်းကနေ အခုထိ လစဥ်ကိုကြီး လုပ်ပေးနေကြအရာဖြစ်သည်....

💐ငယ်ကအချစ် နှစ်တစ်ရာ💐Donde viven las historias. Descúbrelo ahora