Part _26

15.7K 586 9
                                    

💐ငယ်ကအချစ် နှစ်တစ်ရာ💐
~~~~~~~~~~~~~~~~~~~~
Part_26

ဒီနေ့မှာတော့ အလုပ်ကများနေကာ အိမ်ပြန်ဖို့နောက်ကျနေတာကို ဘေးက ကလေးငယ်ကလည်း သူလည်းမပြန်သေးဘဲ ကိုကြီးနဲ့ အဖော်လုပ်ပေးမယ်ဟုဆိုကာ ဘေးမှာထိုင်စောင့်နေလေရဲ့....

"ကလေး ဖုန်းကြည့်နေတာကြာနေပြီလေ တော်ရောပေါ့ မျက်စိတွေညောင်းနေမယ်"

"ခဏလေးပါ ကိုကြီးရဲ့ ပိုပိုဒီမှာ မေးနေတာ "

"ဘာမေးတာလဲ"

"ကိုကြီးရဲ့Stylistအလုပ်က တော်တော်ပျင်းဖို့ကောင်းတာပဲ အချိန်တွေကုန်နေမယ့်အတူတူ ဒီမှာ နိုင်ငံခြားက ဖက်ရှင်နဲ့ပတ်သက်တဲ့ online classတစ်ခုလောက်တက်မလားလို့ အကျိုးရှိအောင်လေ "

"စိတ်ပါမှတက်လေ ကိုကြီးကတော့ ကလေးပင်ပန်းမယ်ထင်တာတွေဘာမှမလုပ်စေချင်ဘူး"

"ပိုပိုက ဝါသနာပါလို့ပါဆို အင်္ကျီတွေချုပ်နေရရင်ပျော်တယ်"

"အဟီး ဒါနဲ့လေကိုကြီး ပိုပိုကိုကြီးအတွက်အင်္ကျီတွေအများကြီးမှန်းပြီးချုပ်ထားတယ်သိလား လူကသာ
ပိုပိုကိုထားသွားလို့ အဲဒီလူကြီးကိုမုန်းတယ်ပြောပြီး လက်က ချုပ်လိုက်ရင် ကိုကြီးအတွက်ချည်းသိလား"

Laptopပေါ်ပြေးလွှားနေတဲ့ကိုကြီးရဲ့လက်တွေ ငြိမ်သက်သွားကာပိုပိုဘက်ကိုလှည့်ကြည့်လာသည်.....

"ကိုကြီး တောင်းပန်ပါတယ် ကလေးရယ်"

"ဟင့်အင်း ကိုကြီးကအခုဘေးနားမှာရှိနေပြီပဲ ပိုပိုကျေနပ်ပါတယ် ကိုကြီးကအမြဲ ပိုပိုကိုပဲချစ်နေခဲ့တာမဟုတ်လား"

"ဒါပေါ့ ကိုယ့်နှလုံးသားရဲ့ ဘုရင်မလေးက ဟောဒီက ကလေးလေးတစ်ယောက်တည်းဟာကို"

"တကယ်နော် ဒီတစ်ခါထားသွားကြည့် ပိုပိုလုံးဝခွင့်မလွှတ်ဘူး"

"အလုပ်နဲ့သက်သေပြသွားမယ် ဟုတ်ပြီလား ကလေးခုံပေါ်မှာ အဲလိုကြီးခြေထောက်တပင်လင်ခွင်ထိုင်နေတော့ ညောင်းရောပေါ့ ခြေထောက်ဆန့်ပြီးကိုကြီးပေါင်ပေါ်တင်လိုက်"

"အို ငရဲတွေကြီးမှာပေါ့ကိုကြီးရယ် မလုပ်ပါနဲ့"

"ကိုကြီးပြောတဲ့အတိုင်းသာလုပ်ပါ"

💐ငယ်ကအချစ် နှစ်တစ်ရာ💐Donde viven las historias. Descúbrelo ahora