"Hello Everyone!!!!!....မဂ်လာရှိတဲ့ သတင်းလေးတခု အမယူလာတယ်..... ဟိဟိ"
ဆိုဖာပေါ် မှောက်ယက်အိပ်နေတဲ့ fot တယောက် အသံပြဲကြီးနဲ့ အိမ်ထဲ၀င်လာတဲ့ p'mom ကြောင့် လန့်ကာ ထထိုင်မိသည်။
" Phi ...အစောကြီးကို ဘယ်လိုရောက်လာတာလဲ"
"Aow...မျက်နှာမသစ်ရသေးဘူးလား fot...."
"သစ်ပြီးပါပြီး phiကလဲ"
"Nom တယောက်သနားပါတယ်ဟယ်၊ သတင်း ထောက်တွေစီက အသက်လုပြေးနေရကြားတယ်၊ဒီတခေါက် အနင်းခံရတာက သူ့ဘ၀အဆုံးပဲနော်၊အကြီးဆုံးက ရုပ်ရှင်ကနေ ဖယ်ထုတ်ခံလိုက်ရတာပဲ"
"ဒါဆို ရိုက်ကွင်းမှာ fotသူ့ကိုမတွေ့ရတော့လား phi"
"သေချာတာပေါ့ mark "
Phi တို့ကတော့ သူ့အတွက် ပျော်ပေးနေကြတယ်....
တကယ်တော့ fotဒီလိုမဖြစ်စေချင်ပါ...အနုပညာသမားချင်းချင်း အနုပညာချစ်တဲ့စိတ်ကို သူခံစားလို့ရတယ်။
သူ့ပေါ်သာ အမှားလုပ်ရင် လုပ်ခဲ့မယ် .... အမnomက တကယ်တော်တဲ့ အနုပညာရှင်တယောက်ဆိုတာ သူသိသည်။"ပြသနာကဒါပဲမဟုတ်သေးဘူး phi၊ p'ran နဲ့ သူ့အမျိုးသမီးရဲ့ပြသနာလဲရှိသေးတယ်၊ p'ran, fotကြောင့် ဒုတ်ခရောက်နေပြီး"
"Aow!!..မတတ်နိုင်ဘူးလေ ...မိန်းမအရွေးမှားတဲ့သူ့အပြစ်ပဲ.....မှန်တယ်မလား mark၊ ဘာလုပ် နေတာလဲ ....အို...စားချင်စရာကောင်းလိုက်တာ "
စားပွဲပေါ် ခေါင်းချင်းဆိုင်ကာ တူးတီတူးတီနဲ့ စကားပြောနေတဲ့ ၂ယောက်ကို fot ရီလျက်ထိုင်ကြည့်နေသည်။
"အော်... p'mom.... p'mom"
"ဟင်...ဘာလဲ fot"
"Fotအလုပ်များပြီးမေ့နေတာ...အန်တီningအိမ်အခြေနေ ဘလိုလဲဟင်"
"အော်....အဲ့ကိတ်စဆို fot စိတ်မပူနဲ့တော့၊ အဲ့ဒီမြေကို လေလံတင်တာပြီးသွားပြီးလို့ အမကြားတယ်၊ ပြီးတော့ ဘသူလေလံအောင်သွားလဲဆိုတာ သိလား.....မြေကို၀ယ်လိုက်တဲ့ company က fotအမေရဲ့ company ပဲ"
"ဘာပြောတယ်!...."
Fot ဆိုဖာပေါ်ကထကာ p'mom ဆီပြေးလာသည်။
ဟအင်း.....Mae တော့မဖြစ်ဘုး၊ ဒုတ်ခရောက်ကုန်မယ်....
"ဘယ်လိုဖြစ်တာလဲတော့ အမလဲမသိဘုး၊ ဒါမှမဟုတ်....Khun fann က မကူညီချင်တာများလား fot"

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...