Unicode
" လမ်းခွဲရအောင် "
"ဘာပြောလိုက်တယ် ဟန်သာမဏိခေတ်! ခဗျားပြန်ပြောစမ်း!"
Game ဆော့နေသည့်သူက မျက်ထောင့်နီကြီးများနှင့် ဟန်သာ့ကို မော့ကြည့်ကာ ထရပ်လာသည်။ အဟက် မင်းကပဲ ခံပြင်းတဲ့ပုံစံလာဖမ်းနေတာပဲ သိပ်တော်တယ် ယက္ခမုန်တိုင်း။
"ငါပြောတာ မင်း နဲ့ ငါ လမ်းခွဲကြမယ်လို့"
"ခဗျား အရိုက်ခံချင်နေတာလား ဟန်သာ ကျုပ်ဒေါသကိုလာမဆွနဲ့နော်!"
"ရိုက်စမ်းပါ! ဒီမျက်ခွက်ကို စုတ်ပြတ်သတ်အောင် မင်းထိုးနှက်လိုက်စမ်းပါ!! မင်းအတွက် ငါက ဘယ်တုန်းက တန်ဖိုးရှိတဲ့ကောင်မလို့လဲ! ဟမ်!"
"ခဗျား ပါးစပ်ကိုပိတ်လိုက်တော့ ဟန်သာ!!"
'ဒုန်း! ခွမ်း!!!'
TV ကြီးကို ရိုက်ခွဲလိုက်ပုံများ အစိတ်စိတ်ကွဲလို့။ ဟုတ်တယ် ယက္ခမုန်တိုင်းဆိုတဲ့ကောင်က အဲ့လိုကောင်။ မိုက်ရိုင်း ရိုင်းစိုင်းတာတင်မဟုတ်ပဲ အဲ့လို သန္ဓယေုတ်တဲ့ကောင်
"မင်းကလေ အဟက်! မင်းကပဲ ခံပြင်းပြနေသေးတာလား ဟားးးဟားး"
မျက်ရည်တွေကျဆင်းလျက် ဟန်သာက အော်ရယ်သည်။ဒီကောင့်ကိုလေ သူ့မှာတော့ ချစ်လိုက်ရတာ ချစ်လိုက်ရတာတွေများ ချစ်လိုက်ရတာတွေများလေ ဒီရင်ဘတ်ကြီးနဲ့မဆံ့အောင်အထိပဲ။
"ခဗျား ဘာဖြစ်နေတာလဲဗျာ ကျုပ်ကိုပြော"
"ငါလား ငါကလား ငါက ဘာဖြစ်ရမှာလဲ မင်းမုန်းတဲ့မိသားစုက သားလေ အေး ငါ့မိသားစုကို မင်းမုန်းလို့ရတယ် ငါ့ကိုမင်းမုန်းလို့ ကြိုက်သလိုနှိပ်စက်လို့ရတယ် တခြားဟာမနဲ့တော့ မင်းမဖောက်ပြန်နဲ့လေ ခွေးမသားရဲ့!!!"
'ခွပ်!'
လည်ထွက်သွားသည့်မျက်နှာချောချောသည် ပြန်လှည့်လာတော့ ခပ်မဲ့မဲ့အပြုံးနှင့်။
"ခဗျားက ဖောက်ပြန်ခံရလို့ ဒါမျိုးပုံစံက နာပြနေတာပေါ့ ဟုတ်လား ကျေနပ်တယ် သိပ်ကျေနပ်တယ် ဒါပေမယ့် ခဗျား ကျုပ်နဲ့လမ်းခွဲလို့မရဘူး! ခဗျားနဲ့ကျုပ်နဲ့ ဇာတ်လမ်းက ကျုပ်စတဲ့ ဇာတ်လမ်း ကျုပ်ပဲအဆုံးသတ်မယ် ခဗျားဝင်ဆုံးဖြတ်ပေးစရာမလိုဘူး"
YOU ARE READING
ယက္ခဆိုတဲ့မုသား
Romanceရိုင်းစိုင်းတဲ့စကားလုံးတွေပါတာမို့ မကြိုက်သူများ ရှောင်ဖယ်သွားပေးပါဗျ။ ကိုယ့်အကြိုက်နှင့်မကိုက်ညီပါကလည်း Drop လိုက်ဖို့အကြံပြုပါသည်။ဤ Fiction နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာမရှိလိုပါ။ ကျေးဇူးတင်ပါသည်။