[3]

526 60 7
                                    

Unicode

"ကျတော် ရုံးတက်လက်မှတ်ထိုးရုံပဲ လုပ်မှာ မေမေ"

"ကောင်းတယ် မေမေလည်း ဒီလိုကောင်ကို လူသိရှင်ကြားသမက်မတော်နိုင်ဘူး အော့နှလုံးတွေကြေကွဲကုန်လိမ့်မယ်"

သူ့မိဘတွေရှေ့မှာ ဇာတ်နာပြတဲ့သူကနာ အံမယ် အမိကလည်း ညည်းညူပြနေတာများ ခုပဲ ဒီနေရာမှာ အသက်ထွက်တော့မဲ့ပုံနဲ့ ယက္ခမုန်တိုင်းကို ဒီလိုလာကြောလို့ရကြေးလား။

"ခဗျားတို့သဘောထားတွေ နားထောင်ဖို့အတွက်ခေါ်လိုက်တာမဟုတ်ဘူးနော် ကျတော့်ယောကျာ်းရဲ့မိဘတွေမို့လို့ သံတော်ဉီးတင်ပေးတာပဲရှိတာ ကိုယ့်ကိုယ်ကိုယ် အဲ့လောက်အရေးပါနေတယ်လို့မထင်လိုက်နဲ့ ကျုပ်ယောကျာ်းနဲ့ ကျုပ်မင်္ဂလာပွဲ ခဗျားတို့ တစ်စိတ်တစ်ပိုင်းမှ ဝင်ပါဖို့ခွင့်ပြုမှာမဟုတ်ဘူး သားအမိတွေ အလွမ်းသယ်ပြီးရင်ပြန်လိုက်ကြဖို့ ပြောချင်တယ်"

"ဒီမှာ မောင်ရင် ဉီးက"

"အဲ့ဉီးက ဒေါ်ကတွေ ဆက်​ပြောချင်သေးတယ်ဆိုရင် ကျုပ်အဆိုးမဆိုနဲ့ အဖိုးကြီး!"

ဉီးစိုင်းထွန်း ဟာ ယက္ခရဲ့စကားကြောင့် မျက်နှာကြီးနီရဲအောင်ဒေါသထွက်သွားလေသည်။ ဒေါ်စိန်မြဝင်းလဲ့ ကရော ဘာထူးလဲ မျက်နှာနီနေတာ ထားစရာနေရာကိုမရှိသည့်ပုံ။ ပြောချဖို့စကားတွေ ရှိပေမယ့် သူ့လုပ်ရပ်တွေကို ကြောက်နေပုံပဲ။ ဒါပဲလေ သူလိုချင်တာ ဒီလိုမျိုး။

"ငါ ဘာမှဝင်မပြောဘူးဆိုတိုင်း မင်း ငါ့မိဘတွေကို အဲ့လို မရိုင်းစိုင်းနဲ့ ယက္ခမုန်တိုင်း!"

"ဒီထက်ဆိုးတာတွေလာဉီးမယ်လေ ခဗျားက ခုကတည်းက ကာမနေနဲ့ ခဗျားအတွက်လဲ ခဗျားစဉ်းစားထားဉီး ခဗျားတို့မိသားစုကို ကျုပ်က လွယ်လွယ်နဲ့ လွှတ်ပေးမယ်လို့များနေတာလား"

"ဟဲ့အကောင် နားထောင်နေတာ အကောင်းမှတ်နေတယ်၊ ငါတို့က နင့်မိဘအရွယ်လောက်ကြီးကိုရှိတာဟဲ့ စကားကို စည်းလွတ်ဘောင်လွတ်မပြောစမ်းနဲ့၊ အမေက ခဝါသည်မဖြစ်နေတာကိုတောင် အာစောင်းက အထက်မှာ"

"ခဗျားပါးစပ်ကိုပိတ်ထား! ကျုပ်ဒေါသတွေမပေါက်ကွဲခင်!!"

ယက္ခရဲ့အသံမာမာကြောင့် တုန်သွားသည့် ဒေါ်စိန်မြဝင်းလဲ့သည် သူ့ယောကျာ်းကိုလှည့်ကြည့်ကာ သနားကမားလုပ်ပြလေသည်။

ယက္ခဆိုတဲ့မုသားWhere stories live. Discover now