[2]

592 42 4
                                    

Unicode

" ဟန်သာမဏိခေတ်တဲ့ သခင်လေး နာမည်က"

"အဲ့ကိုကိုက ရှောတယ်နော် မေမေ"

"ကဲ သား စကားကလဲမပီ ပြောကလဲပြောချင် သခင်လေးအရှေ့စကားမပီပဲပေါက်ကရမပြောရဘူးနော်"

အဝတ်လျှော်နေသည့် အမေဖြစ်သူအနား ကုပ်ကုပ်ကလေးထိုင်ရင်း ခုနစ်နှစ်အရွယ် ယက္ခမုန်တိုင်း လေးက ခေါင်းငြိမ့်ပြသည်။ ထူပြစ်နေသည့် သနပ်ခါးတွေက ခြေဆုံး ခေါင်းဆုံး လိမ်းထားပြီး လက်ထဲ၌လည်း အာတာပူစီတစ်ခုကိုကိုင်ထားသေးသည်။ သူ့အကြည့်တွေကတော့ သခင်မကြီးတို့အိမ်အပေါ်ထပ် ဝရံတာမှာ တယောတီးနေတဲ့ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ဆီမှာ ငေးငေးလေး။

"ထတော့ သား မေမေတို့ လျှော်ပြီးတဲ့ အဝတ်တွေကို သွားလှမ်းမယ် ပြီးရင် သခင်မကြီးဆီမှာ ပိုက်ဆံယူပြီး အိမ်ပြန်ကြစို့"

"ဟုတ်ကဲ့ခဗျ"

အ​မေဖြစ်သူကို အဝတ်ကူလှမ်းပေးရင်း ယက္ခမုန်တိုင်းလေး၏ အကြည့်တွေက ဆရာဆီကနေ အဆူခံနေရပုံပေါ်သည့် တယောကိုင်ထားလျက် ကိုကို့ဆီမှာ။ ခနနေတော့ တယောတီးချိန်ပြီးသွားပြီထင်ပါ့။ ဆရာသည်လည်းပြန်သွားပြီး အဲ့ကိုကိုကိုလည်း ဝရံတာလေးပေါ် မတွေ့ရတော့။ မျက်လုံးလေးကလယ်ကလယ်နှင့် လိုက်ရှာပေမယ့် ယက္ခ ထိုကိုကို့ကိုတကယ်မတွေ့ရတော့တာ။အနီးကပ်မြင်ဖူးချင်စိတ်ကလည်း များသည်။

"သခင်မကြီး"

ယက္ခတို့သားအမိကို အထင်သေးသလိုလှည့်ကြည့်လာသည့် သခင်မကြီးဆိုသူက နှာခေါင်းကိုလက်နဲ့ပိတ်ကာ ဟောက်လေသည်။

"ဟဲ့ ဝေးဝေးကနေလေ ဘာလို့ရှေ့တိုးလာတာတုန်း အနံ့အသက်တွေက စုတ်ခြာရတဲ့ထဲ"

"တောင်းပန်ပါတယ်ရှင် ကျွန်မ အဝတ်တွေလှန်းထားခဲ့ပြီးပါပြီ အဲ့တာ ပိုက်ဆံလာယူတာပါရှင်"

"ရော့ ရော့ ငါးထောင်"

"ဟို သခင်မကြီးရှင့် တစ်အိမ်လုံးမှာရှိတဲ့ လိုက်ကာတွေရော အခင်းပိုင်းတွေရော ပြီးတော့ သခင်လေးခြေအိတ်တွေကိုလည်းလျှော်ထားပါတယ်ရှင် ငါးထောင်ဆိုတာက နည်းပါတယ်ရှင် နည်းနည်းလောက်ပို...."

ယက္ခဆိုတဲ့မုသားWhere stories live. Discover now