[4]

384 21 5
                                    

Unicode

"ခဗျား မျက်ခွက်ကြီးပြုံးထားစမ်းပါ ဟန်သာမဏိခေတ်!"

"ငါ့လက်ထပ်ပွဲမှာ ငါ့မိဘတွေမရှိပဲ ငါကဘယ်လိုစိတ်နဲ့များ အားတင်းပြုံးနိုင်မှာလဲ မင်းသောက်ပါးစပ်ကိုပိတ်ထားစမ်းပါ"

"ကျစ်* ခဗျားကတော့ဗျာ"

October 3 ရက်နေ့ ဤနေ့ဟာ ဟန်သာနဲ့ ယက္ခတို့ရဲ့လက်ထပ်ပွဲဖြစ်ပြီး တခမ်းတနားကျင်းပထားတဲ့ကောင်က ဟန်သာ့ကို ပိုပိုသာသာအရှက်ခွဲသလားထင်ရသည်။ သူ့ just Fri ဆိုတဲ့ဟာမတွေကလည်း မနက်ကတည်းကဖုန်းဆက်နေတာ တညံညံနှင့်။တစ်ယောက်စီကို သူခပ်ကြမ်းကြမ်းပြောပြီး ဖြတ်ပစ်နေတာသိပေမယ့် ဟန်သာကတော့ ဒီလိုရက်မျိုးမှာ ဒီလိုစောက်ချိုး အချိုးခံလိုက်ရတာမို့ နာသည်။ ဒီကောင့်ရင်ဘတ်မှာ မကျက်သေးတဲ့ဒဏ်ရာတွေအထပ်ထပ်နဲ့။
မိသားစုလိုက်ဓာတ်ပုံရိုက်ပြန်တော့လဲ ဟန်သာ့မိဘတွေဟာနည်းနည်းလေးမှကို ဟန်သာ့ကိုမျက်နှာသာမပေးပါ။ယက္ခမိဘတွေနဲ့သာရိုက်လိုက်ပြီး လိုက်လံဧည့်ခံတဲ့အချိန်အထိ ဟန်သာ့မျက်နှာမှာ အပြုံးတောက်တောက်ပပမရှိ။

"ခဗျားရင်ဘတ်ထဲထည့်ခံစားနေလိုက် ခဗျားမိဘတွေကသိပ်ကောင်းလွန်းတာဆိုတော့ အဟွန်း"

"ငါ့မိဘတွေက ငါ့အတွက် အဆိုးဆုံးဖြစ်နေရင်တောင်  ငါ့မိဘဆိုတဲ့အချက်မပြောင်းလဲဘူး ယက္ခ မင်းကိုယ်မင်းစကားသိပ်တတ်တယ်ဆိုတိုင်း ထွက်လေရာပြောမနေနဲ့"

"ထွက်လေရာပြောတာမဟုတ်ဘူး စောက်မြင်ကပ်လို့ပြောတာ ရှင်းလား ကျုပ်မင်္ဂလာပွဲမှာ နွမ်းလျပြနေတဲ့ ခဗျားမျက်ခွက်ကြီးကို စုတ်ဖြဲပစ်ချင်နေတာနော် ကျုပ်ကို ရန်လာမစနဲ့"

"မင်း လစ်လိုက်တော့ ယက္ခ၊ မဟုတ်ရင် မင်းနဲ့ငါ ဒီနေရာတင် သတ်ပွဲပဲ"

"အဟား ဒါမျိုးမှကြိုက်တာ စိန်လိုက်စမ်းပါ"

"ကျစ်* တော်တော်စိတ်ရှုပ်ဖို့ကောင်းလွန်းတယ် မင်း"

"ခဗျားမျက်လုံးထဲ ချစ်ဖို့ကောင်းနေတုန်းပဲဆိုတာတော့ ဝန်ခံလိုက်"

"ဒီကျက်သရေနည်းတဲ့ကောင် ငါ့ကိုတစ်ယောက်ထဲပေးနေစမ်းပါ ကျေးဇူးပြုပြီး"

ယက္ခဆိုတဲ့မုသားWhere stories live. Discover now