သူမရဲ့ရုံးခန်းထဲရောက်တော့ Khun Manatsan က Pock Piyathida ကိုသူမလုပ်ရမယ့်အလုပ်နဲ့ပါတ်သတ်ပီး ပြောခဲ့တယ်။
Khun Manatsan ပြောတဲ့စကားတွေကိုကြားပီး Pock ဟာမျက်လုံးပြူးပီး Manatsan ကိုစိုက်ကြည့်နေမိတယ်။
ဘာ့ကြောင့်လဲဆိုရင် သူမကိုခိုင်းတဲ့အလုပ်ဟာတစ်ခြားအရာမဟုတ် Pancake Khemint ခိုင်းတဲ့အလုပ်အတိုင်း သူမရဲ့ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ TK Company မှာလျှို့ဝှက်ပီးစုံစမ်းပေးရမယ့် သတင်းဖြစ်နေခဲ့တယ်။
ဒါ့ကြောင့် Pock တစ်ယောက်ဘာတွေလုပ်ရမယ်မှန်းမသိအောင်ကိုပင် စိတ်ညစ်နေခဲ့ရတယ်။
သူမဇွဲမလျှော့ဘဲ ထိုအလုပ်ကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး အလုပ်နှစ်ခုစလုံးကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့်ဘာ့ကြောင့်မှန်းမသိဘဲ သူမအတွက်ထိုအလုပ်ဟာ လွယ်ကူတယ်လို့ခံစားနေခဲ့ရတယ်။
တနေ့မှာ Khun Pancake ဟာ အလုပ်ကိစ္စရှိလို့ ကုမ္ပဏီကိုနောက်ကျမှရောက်ခဲ့တယ်။
Khun Pock ဟာသူမရဲ့အတွင်းရေးမှူးဖြစ်ပေမယ့် အလုပ်ကိစ္စကလွဲရင် ဘယ်အရာကိုမှသူမကိုမပြောပါ။
ဒါ့ကြောင့်လည်း Pock တစ်ယောက် သူမရဲ့သူဌေးအကြောင်းကိုအရမ်းသိချင်နေမိတယ်။
အဲ့လိုနဲ့ဘဲ သူမရဲ့သူဌေးမလာခင် သူဌေးရဲ့ရုံးခန်းကိုခိုးဝင်သွားခဲ့တယ်။
သူမလျှောက်ကြည့်နေတုန်းမှာပင် Khun Pancake Khemint ဟာသူမရဲ့ရုံးခန်းကိုပြန်လာခဲ့တယ်။
အဲ့နောက် Pockတစ်ယောက် တံခါးဖွင့်တဲ့အသံကိုကြားမိတာကြောင့် ဘယ်ပြေးရမှန်းမသိဘဲ လိုက်ကာနောက်ကိုဝင်ပုန်းနေလိုက်တယ်။
Khun Pancake ဝင်လာတဲ့အခါမှာတော့သူမသတိထားမိသွားတယ်။
ထိုအရာမှာတခြားမဟုတ် သူမရဲ့မိဘပုံတွေကိုတစ်ယောက်ယောက်ကိုင်ခဲ့တယ်ဆိုတာကို သူမသိနေခဲ့တယ်။
Khun Pock လည်းကြောက်ပီးတစ်ဆက်ဆက်တုန်နေတော့ သူမပုန်းနေတဲ့လိုက်ကာဟာ လှုပ်နေခဲ့တယ်။
ထိုအချိန် တံခါးကိုတစ်စုံတစ်ယောက်ခေါက်ခဲ့တယ်။“ ဒေါက် ဒေါက် ဒေါက် "
ဝင်လာခဲ့။
Khun Pancake ခင်မျ တစ်ဖက်ကုမ္ပဏီက ဒီနေ့ ကျွန်တော်တို့ရှယ်ယာရှင်အစည်းအဝေးပွဲကို လာမယ်လို့ကြားတယ်ခင်မျ။
YOU ARE READING
အမုန်းတိမ်တိုက်ကြားကအချစ်ဌက်ငယ်လေး
FanfictionStory Characters _ Pancake Khemint , Pock Piyathida, Donut Manatsan ပြိုင်ဘက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်တွေဟာ မိန်းကလေးတွေဖြစ်ပေမယ့် သူ့ထက်ငါ ငါ့ထက်သူသာသွားမှာကို အရမ်းစိုးရိမ်ကြသဖြင့် သူတို့ယုံကြည်ရမယ့် မိန်းကလေးတစ်ယောက်ကို လျှို့ဝှက်အတွင်းရေးမှူးအဖ...