Part 2 (⁠◍⁠•⁠ᴗ⁠•⁠◍⁠)

18 6 0
                                    

Pock တစ်‌ယောက် အလုပ်သွားလျှောက်ပီး အိမ်ကိုပြန်လာခဲ့တယ်။

အမေ Pock အလုပ်နှစ်ခု‌တောင်ခေါ်နေတာတွေ့လို့ နှစ်ခုလုံးလျှောက်ခဲ့တယ်

တဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်ထားတယ် အမေ

သမီးလုပ်နိုင်ပါ့မလား တစ်ခါမှမလုပ်ဖူးတဲ့အလုပ်ကို လျှောက်ထားတာဆိုတော့လေ။

အမေ ဘာမှစိတ်မပူပါနဲ့နော် Pock အကောင်းဆုံးကြိုးစားပီး လုပ်သွားမှာပါ။

အဓိက အမေ့ကိုလူအလယ်မှာ တင့်င့်တယ်တယ်နဲ့ နေနိုင်အောင်လို့ ကြိုးစားတာပါအမေ။

အဲ့လိုနဲ့ဘဲ Khun Pancake ရော Khun Manatsan ရောနှစ်ယောက်စလုံးဟာ အတွင်းရေးမှူး လာလျှောက်တဲ့သူရှိတယ်ဆိုတာကို သိလိုက်ရတယ်။
Khun Pancake က အတွင်းရေးမှူးလာလျှောက်တဲ့သူကို သူမဆီခေါ်လာခဲ့ဖို့ သူ့ရဲ့မန်နေဂျာကို ပြောလိုက်တယ်။
ဒီလိုနဲ့ဘဲ Khun Pancake ရဲ့မန်နေဂျာဟာ သူမတို့ဌားနေတဲ့ အခန်းဆီကိုလာခဲ့တယ်။
ဒေါက် ဒေါက် ဒေါက် ” တံခါးခေါက်သံကြားလို့ Pock ရဲ့အမေဟာတံခါးလာဖွင့်ခဲ့တယ်။

ဟုတ်ကဲ့ ဘယ်သူလဲသိဘူး

ဘာကိစ္စများရှိလို့လဲ

ဒီအိမ်က Pock Piyathida ရဲ့အိမ်လား

ဟုတ်ပါတယ် ကျွန်မကသူ့မေပါ

သူဒီမှာရှိလား

ဟုတ်ကဲ့ရှ်ိပါတယ် အထဲကိုကြွပါ

သမီးရေ သမီးကို လာတွေ့တဲ့သူရှ်ိတယ်

ဟုတ်ကဲ့မေ အခုထွက်လာခဲ့ပါ့မယ်

ဟုတ်ကဲ့ ကျွန်မက Pock Piyathida ပါ
ဒါနဲ့ ဘာကိစ္စများရှိလို့လဲ

ကျွန်တော်က TK Company ကမန်နေဂျာပါ

ကျွန်တော့်သူဌေးက ခင်များကိုခေါ်လာခိုင်းလို့ပါ

အမုန်းတိမ်တိုက်ကြားကအချစ်ဌက်ငယ်လေးWhere stories live. Discover now