Part 7 (⁠◍⁠•⁠ᴗ⁠•⁠◍⁠)

4 2 1
                                    

စာဖတ်သူတွေကို ပြောပြဖို့အတွက် တစ်ခုကျန်ခဲ့တယ်။
အဲ့တာက အခုသူတို့သွားမယ့် ပါတီပွဲက ရှယ်ယာရှင်တွေစုပီး လုပ်ကြတဲ့ပါတီပွဲဆိုတော့ Khun Donut Manatsan ရောပါမလားဆိုပီး တွေးနေမှာပေါ့။
ဟုတ်ပါတယ် ဒီပါတီပွဲမှာတော့ သူမ မပါပါဘူး။
ဘာလို့ဆို ကုမ္ပဏီတစ်ခုမှာ ရှယ်ယာရှင်ဆိုတာ တစ်ယောက်ထဲရှိတာမှမဟုတ်တာ။
ရှယ်ယာရှင်တွေ အများအပြားပါဝင်တယ်လေ။
အခုရှယ်ယာရှင်တွေစုပီးကျင်းပကြတဲ့ပါတီပွဲက Khun Manatsan တို့နဲ့မသက်ဆိုင်တဲ့ ပွဲတစ်ပွဲဖြစ်တယ်။
ဒါ့ကြောင့်လည်း Khun Pancake က Pock ကိုလိုက်ခဲ့ဖို့ ခေါ်နေခဲ့တာပေါ့။

Khun Pancake တစ်ယောက် သူမရဲ့အခန်းထဲပြန်ရောက်တော့ အိပ်ယာပေါ်လဲချပီး Pock ရဲ့ချစ်စရာကောင်းတဲ့အပြောအဆို အမူအရာလေးတွေကိုတွေးပီး ပြုံးပျော်နေခဲ့တယ်။
အဲ့လိုဘဲ Khun Manatsan တစ်ယောက်လည်း စဉ်းစားနေခဲ့တယ်။
တခြားမဟုတ် Pock ကိုလက်ဆောင်ပစ္စည်းပေးဖို့ကိုစဉ်းစားနေတာဘဲဖြစ်တယ်။
ဒါဟာ သူမအတွက် ပထမဆုံးလက်ဆောင်ပေးရန် ပြင်ဆင်ခြင်းဖြစ်တယ်။
ဒါ့ကြောင့်လည်း သူမ ဘာပေးရမှန်းမသိဖြစ်နေခဲ့တယ်။
သူမစဉ်းစားမရဖြစ်နေတာကြောင့် သူမရဲ့ဝန်ထမ်းတွေကိုအစည်းဝေးလုပ်ပီးနောက် မေးခဲ့တယ်။
Khun San ရဲ့ ကုမ္ပဏီကဝန်ထမ်းတွေကလည်း Khun San တစ်ယောက် Pock ကိုချစ်မိနေတာကို သိနေခဲ့ကြတယ်။
Sanတစ်ယောက် အစည်းဝေးပြီးတဲ့နောက်မှာ မေးခဲ့တယ်။
ဝန်ထမ်းယောကျာ်းလေးတွေကို ထွက်ခိုင်းခဲ့တယ်။
မိန်းကလေးတွေကိုဘဲနေခိုင်းခဲ့တယ်။
အဲ့နောက် သူမမေးလိုက်တယ်။

ငါ နင်တို့ကိုမေးစရာရှိတယ်။

ကိုယ်ခင်မင်ရတဲ့မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို အမှတ်တရလက်‌‌ဆောင်ပေးချင်ရင် ဘယ်လိုပစ္စည်းကို ပေးလို့ရလဲ ငါ့ကိုပြောပြပေးပါလား။

ဝန်ထမ်းတွေက မိန်းကလေးသူငယ်ချင်းလို့ပြောလိုက်တဲ့အချိန်မှာ မျက်နှာတွေကပြုံးပြုံးကြီးနဲ့ Khun San ကိုကြည့်ပီး မေးလိုက်တယ်။

မိန်းကလေးသူငယ်ချင်းဆိုတာ Khun Pock Piyathida မလား Khun San

Khun San က

နင်တို့ဘယ်လိုသိတာလဲ Pock ဆိုတာကို

အမုန်းတိမ်တိုက်ကြားကအချစ်ဌက်ငယ်လေးWhere stories live. Discover now