တကယ့်ပြိုင်ဘက်နှစ်ယောက်က တွေတာနဲ့တင် တစ်ယောက်နဲ့တစ်ယောက်ရန်ဘက်မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။
Khun Manatsan ဘက်ကနေအရင်ဆုံး Pancake Khemint ကိုစကားစပြောခဲ့တယ်။တွေ့ရတာဝမ်းသာပါတယ် Khun Pancake Khemint
Pancake Khemint ဘက်ကနေပြန်ပြီးတော့ စကားပြောခဲ့တယ်။
ကျွန်မလည်းတွေ့ရတာဝမ်းသာပါတယ် Khun Donut Manatsan
မတွေ့တာတောင်ကြာပီနော်
မထင်ထားဘူး သင့်ကိုဒီနေရာမှာလာတွေ့ရလိမ့်မယ်လို့လေ။
အခုလိုတွေ့တော့လည်း စကားတွေပြောရတာပေါ့ ဟုတ်တယ်မလား Khun Donut Manatsan
သူမတို့နှစ်ယောက်စကားပြောနေချိန် ဝန်ထမ်းတစ်ယောက်ကရောက်လာပြီး မကြာခင်အစည်းဝေးစတော့မည့် အကြောင်းကိုပြောသွားတော့မှ နှစ်ယောက်သား စကားပြောတာရပ်သွားခဲ့တယ်။
ဒါပေမယ့် မထွက်သွားခင် Khun Pancake က Khun Manatsan ကိုစကားတစ်ခွန်းပြောခဲ့တယ်။ဒီနေ့ကျင်းပတဲ့ ရှယ်ယာရှင်အစည်းအဝေးပွဲက ငါ့အတွက်ဘဲဖြစ်စေရမယ်။
လို့ပြောပြီး ထွက်သွားခဲ့တယ်။
Khun Manatsan တစ်ယောက် စိတ်မှာဒေါသထွက်နေခဲ့တယ်။
သူမဒေါသထွက်နေတာကို Pock သိနေတော့ သူမကိုစိတ်မပူဖို့ပြောခဲ့တယ်။Khun , Khun စိတ်မပူပါနဲ့နော်
Khun လုပ်နိုင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်
Khun အနားမှာ ကျွန်မအားပေးနေပါတယ် ဒါ့ကြောင့်ဇွဲမလျှော့ပါနဲ့နော်။
လို့ပြောပြီး Khun Manatsan ကိုအားပေးစကားပြောခဲ့တယ်။
Pock ရဲ့အားပေးစကားကြောင့် Manatsan တစ်ယောက် ပျော်ရွှင်နေခဲ့တယ်။
Manatsan က Pock ကိုကြည့်ပီးစိတ်ချပါ ငါလုံးဝဇွဲမလျှော့ဘူး
YOU ARE READING
အမုန်းတိမ်တိုက်ကြားကအချစ်ဌက်ငယ်လေး
FanfictionStory Characters _ Pancake Khemint , Pock Piyathida, Donut Manatsan ပြိုင်ဘက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်တွေဟာ မိန်းကလေးတွေဖြစ်ပေမယ့် သူ့ထက်ငါ ငါ့ထက်သူသာသွားမှာကို အရမ်းစိုးရိမ်ကြသဖြင့် သူတို့ယုံကြည်ရမယ့် မိန်းကလေးတစ်ယောက်ကို လျှို့ဝှက်အတွင်းရေးမှူးအဖ...