ဆောင်းလေကလည်းအေးခြင်ကလည်းကိုက်တော့
အနွယ်တို့လေးယောက်လုံးတစ်ညလုံးအိပ်မရဘဲမိုးလင်းခါနီးမှတစ်ယောက်ကိုတစ်ယောက်မှီလျှက်အိပ်ပျော်သွားကြသည်။
အနွယ်တို့နိုးလာတော့ သူကြီးအိမ်မှာရွာထဲကလူတော်တော်များများနဲ့စုရုံးစုရုံးဖြစ်နေကြသည်။အိမ်ဘေးမှာလည်းမီးနှစ်ဖိုနဲ့ချက်သံပြုတ်သံတွေကြားနေရပြီးညှော်နံ့တွေလည်းထွက်နေသည်။
အိမ်ရှေ့မှာလည်းရွာထဲကအပျိုတွေရဲ့စကားပြောသံတွေကိုကြားနေရသည်။အခုမှနိုးလာတဲ့အိမ်အောက်ကအနွယ်တို့လေးယောက်ကတော့တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်လျှက်စဉ်းစားရခက်နေကြသည်။
"သူကြီးများဆုံးသွားတာလား"
အတန်ကြာအောင်စဉ်းစားဟန်ပြုပြီးမှအနွယ်က
ရုတ်တရက်ထပြောလိုက်တော့ကျန်တဲ့သုံးယောက်က အထိတ်တလန့်နဲ့တစ်ယောက်လက်ကိုတစ်ယောက်
ချိတ်လျက်အချင်းချင်းပူးကပ်သွားကြသည်။"မဖြစ်နိုင်ပါဘူးဟယ် မနေ့ကတောင်အကောင်းကြီးကို"
"မနေ့ကကောင်းပေမယ့်ညကငါတို့အိပ်နေတုန်းဆုံးသွား
တာနေမှာပေါ့""ဒုက္ခပဲ သူကြီးကငါတို့ကိုထိပ်တုံးတောင်ဖြုတ်မပေးသွား
ဘူး"လေးယောက်သားတစ်ယောက်တစ်ပေါက်နဲ့ကိုယ်ထင်ရာကိုယ်ပြောနေကြရင်းမှအနွယ်ကမျက်လုံးကလေး
လက်သွားပြီးလက်နှစ်ဖက်ကိုခါးထောက်လိုက်လျှက်"ကောင်းတယ်ငါ့ကိုခနခနထိပ်တုံးခတ်ချင်တဲ့သူကြီး
သူမရှိတော့ရင်ငါ့စိတ်ကြိုက်ရန်ဖြစ်လို့ရပြီ"အနွယ်ပြောလိုက်တော့ကျန်တဲ့သုံးယောက်ကဘာများလဲလို့ဆိုတဲ့ပုံစံနဲ့အနွယ့်ကိုမျက်စောင်းဝိုင်းထိုးကြ၏။
ပြီးမှအိမ်ပေါ်တက်ဖို့ပြင်နေတဲ့လှေကားနားကသူကြီး
တပည့်အေးလွင်ကိုမြင်တော့လေးယောက်လုံးပြိုင်တူ
လှမ်းခေါ်လိုက်ကြ၏။"ဟဲ့အေးလွင် ဒီကိုလာအုံး"
ခေါ်သံကြားတော့အေးလွင်က အိမ်အောက်ဆီကိုငိုက်
စိုက်ငိုက်စိုက်နဲ့လျှောက်လာ၏။