"အာ့ ကျွတ်! ကျွတ်!"
"ကျောင်းဆရာ ရှင်သတိရလာပြီလား"
"အင်း.....ကျွန်တော်ဘယ်ကိုရောက်နေတာလဲ"
သူသတိရလာတော့ ပထမဆုံးမြင်တဲ့မြင်ကွင်းကသူနဲ့
သိပ်မရင်းနှီး။
ခေါင်းကိုထောင်ပြီးကြည့်မယ်လုပ်ပေမယ့်ခေါင်းကနည်း
နည်းမူးနေသေးတာမို့အသာပြန်လှဲလိုက်ရ၏။"သူကြီးအိမ်ပြန်ရင်ဝေးမှာစိုးလို့
ကျုပ်တို့အိမ်ကိုခေါ်လာတာ ရှင်သက်သာရဲ့လား"ရိုက်ချက်ကဘယ်လောက်ပြင်းလဲတော့မသိဘူး
အခုချိန်ထိသူ့ခေါင်းတစ်ခုလုံးကိုက်ပြီးမူးဝေနေတာမို့ အသာမျက်လုံးပြန်မှိတ်ထားလိုက်ရသည်။"ကြည့်ရတာမသက်သာသေးဘူးထင်တယ်
ဘယ်လိုလုပ်ကြမလဲ"သတိရလာပြီးမှပြန်ငြိမ်သွားတဲ့သူကိုအနွယ်စိတ်ပူမိတာတော့အမှန်ပါ။
ခေါင်းတွေဘာတွေပြင်းပြင်းထန်ထန်ခိုက်မိရင် အသက်
အန္တရာယ်ဖြစ်တဲ့အထိစိုးရိမ်ရမှန်းအနွယ်ကြားဖူးနားဝရှိထား၏။"ကျောင်းဆရာတစ်ခုခုဖြစ်ရင် နင်လည်းထောင်ထဲဝင်ဖို့
ပြင်ထားမိဆုံ"ဘေးကနေမျက်စိသူငယ်နားသူငယ်နဲ့ထုံပေပေလုပ်နေတဲ့
နှစ်ယောက်ကိုမြင်ရတော့လည်းအနွယ်ဒေါသဖြစ်မိသည်။
လင်မယားချင်းရန်ဖြစ်တာကိုဝင်ဆွဲပေးတဲ့လူကိုမှအုတ်ခဲနဲ့ထုရတယ်လို့။"ငါ.....ငါလည်း ဖိုးခွေးကိုထုလိုက်တာပါဟာ
ဖိုးခွေးကရှောင်လိုက်လို့ ဆရာလေးကိုထိသွားတာ
ငါတောင်းပန်ပါတယ်အနွယ်ရယ်""ဟဲ့ နင်တို့တောင်းပန်ရမှာငါ့ကိုမဟုတ်ဘူးဟဲ့
ကျောင်းဆရာသတိရလာရင်သာတောင်းပန်ရမှာ ကျောင်းဆရာကခွင့်လွှတ်ရင်တောင်သူကြီးကနင်တို့ကိုဒီတိုင်းထားမှာမဟုတ်ဘူး""ငါ့မိန်းမဗိုက်ကြီးကြီးနဲ့ဟာ နင်လိုက်လှန့်မနေနဲ့စောနွယ်
နင့်ဆရာလေးကခုနတောင်သတိရလာသေးတာစိတ်ပူ
မနေနဲ့"အမူးသမားဖိုးခွေးကတော့အခုချိန်ထိကိုယ့်အပြစ်ကိုယ်မမြင်သေးတာမို့အနွယ်စိတ်ရှိလက်ရှိရန်ထဖြစ်လိုက်
ချင်ပါသည်။
လူတစ်ယောက်လုံးမေ့နေတာတောင်ကိုယ်နဲ့မဆိုင်သလို
နေပြီးစကားကိုလည်းပေါ့ပျက်ပျက်ပြောနေသေး၏။