Fotတို့ရပ်နေတဲ့နား ဆိုင်ကယ်တစီးမောင်း၀င်လာတာကြောင့် သေချာလှမ်းကြည့်နေရင်း ထိုလူတွေလက်ထဲက သေနတ်ကို fotမြင်လိုက်သည်။
Gemini လက်ကိုဆွဲကာ ကားတစီးဘေး သူတို့2 ယောက်ထိုင်ချလိုက်ကာ အခြေနေကိုစောင့်ကြည့်နေရတော့တာပဲ...
"သူတို့တွေက Khun yan ကို ပစ်သွားတဲ့သူတွေဘဲ "
ရုတ်တရက် အပြင်ထွက်ဖို့လုပ်တဲ့ Gemini ကို fotအားကုန်ပြန်ဆွဲထားသည်။
"ဟင်....ဘယ်သွားမလို့လဲ.....သူတို့မင်းကိုပစ်လို့ရအောင်လို့ ပြန်ထွက်ပေးမလို့လား"
Natawat ရဲ့ စကားကထူးဆန်းနေသည်။
"နေဥိး....ဒါဆိုkhun yan ကိုသူတို့ကတမင်ပစ်တာမဟုတ်ဘူးလား၊ ကိုယ့်ကိုပစ်ဖို့ရည်ရွယ်ထားတာလား"
"Gemini.."
"အဲ့တာ Khun Foeiလူတွေမလား ....ဟုတ်တယ်မလား"
"ဟုတ်တယ်....ဒါပေမယ့်.."
"ကောင်းတယ်....သူတို့ကိုဖမ်းပြီးတော့ ဟိုလူအဖမ်းခံရအောင်သက်သေအဖြစ်လုပ်မယ်၊ "
"ဟင့်အင်း....နေဦး ....မင်းမလုပ်နိုင်ခင် သူတို့မင်းကိုအရင်သတ်သွားမှာ၊ "
"ကိုယ်မကြောက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကကိုယ့်ကိုအလွတ်ပေးမှာမှမဟုတ်တာ၊ ဒီလိုမျိုးပုန်းနေရတာထပ်စာရင် ပြန်တိုက်လိုက်တာကပိုကောင်းတယ်"
"ဟင့်အင်း....ကျနော်မင်းကိုစိတ်ပူတယ်၊ မင်းကိုမသေစေချင်ဘူး"
ထဖို့လုပ်နေတဲ့ Gemလည်ပင်းကနေ လှမ်းဖက်တာမလိို့ Natawat ကသူ့အပေါ်ကနေ ဖိထားသလိုဖြစ်သွားကာ သူတို့၂ယောက်မျက်နှာက ခပ်လှမ်းလှမ်းကနေသာကြည့်ရင် နမ်းနေကြသည်ဟုပင် ထင်ချင်စရာ....
"ဟို....ကျနော်အန်တီningကိုထပ်ဝမ်းမနည်းစေချင်တော့ဘူး... မင်းကအန်တီning မှီခိုအားထားရတဲ့ နောက်ဆုံးလူဆိုတာ မင်းမမေ့နဲ့လေ၊ တကယ်လို့မင်းတစ်ခုခုဖြစ်သွားရင်အန်တီကဘယ်လိုလုပ်ရမှာလဲ၊....အခုကထွက်ပြေးနေတာမဟုတ်ဘူး၊ပြန်တိုက်ဖို့အတွက် ပြင်နေတာ၊ ဟိုလူကမင်းကိုသတ်ဖို့အတွက်လူလွှတ်တယ်ဆိုတော့ မင်းကသူ့ရဲ့အားနည်းချက်ကိုသိထားလို့ပဲဖြစ်ရမယ် သူ့ကိုထောင်ထဲမထည့်ရသေးခင် မင်းအသေခံမလို့လား၊ "

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...