** Ch 2 **

68 11 0
                                    

Unicode:

Chapter _ 2 ( လက်ထပ်စာချုပ် )

ပိုင်ဟွိုင်းချွင် ထွက်မကြည့်ခင် AA အား တံခါးဖွင့်ပေးရန် ပြောထားပြီးသားဖြစ်သည်။

လူအများအပြားထဲမှ ထူးခြားလှပနေသူမှာ စစ်ဝတ်စုံဝတ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ထားသော ခေါင်းဖြူလေးဖြစ်၏။ မျက်လုံးများကို အနည်းငယ် မှိတ်ထားလေသည်။ နဖူးတွင် အနည်းငယ်ချွေးစို့နေပြီး အဖြူရောင် ဆံနွယ်များသည် နဖူးတပြင်လုံး အုပ်နေကာ အဆင်မပြေတုန်းတွင်တောင် လှနေနိုင်၏။

“အရှင့်သားရဲ့ အနားယူချိန်ကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။”

အရပ်ရှည်ကာ ဟန်ကြီးပန်ကြီး လုပ်နေသည့် အင်းစက်အမသည် တောင်းပန်ရင်း ပြုံးပြလိုက်သည်။သူမ ဦးထုတ်အားချွတ်၍ ပိုင်ဟွိုင်းချွင်ကို တော်ဝင်အလေးပြုနည်းဖြင့် ဦးညွှတ်လိုက်သည်။

ပိုင်ဟွိုင်းချွင်သည် မူလလူ၏ အထင်အမြင်သေးသောအကြည့်ကို အတတ်နိုင်ဆုံးအတုယူကာ ကြည့်လိုက်၏။
သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ ကောင်းပြီ၊အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောမနေနဲ့တော့”

ရှုံးသွားသလို ခံစားနေရပြီး ပင်ပန်းနွမ်းနယ်နေသည့် ဆည်းဆာအား မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်၏။

သူ...သူ…….သူ ဘာဆက်လုပ်ရမှာလဲ။

ကံကောင်းထောက်မစွာ အခြားသူများက သူ့ကို အကြာကြီး မစဉ်းစားခိုင်းပဲ ဦးဆောင်သူအမျိုးသမီးသည် အောက်ကိုငုံ့ကာ သွက်သွက်လက်လက်ပြောလာ၏။

“အရှင့်သား သူက တော်ဝင်အဖွဲ့အစည်းကနေ ပို့လိုက်တဲ့ကျွန်ပါ။တရားရုံးချုပ်ကနေ  ဗိုလ်မှူး ဘိုင်ရွန် ဆည်းဆာကို လက်ဆောင်အဖြစ် ပို့လိုက်ခြင်းဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးဟာလည်း အရှင့်သား ပိုင်ဆိုင်သွားပါပြီ။

အရှင့်သားရဲ့ ကိုယ်ပိုင်ကွန်ပျူတာကို ဖွင့်ဖို့လိုပါတယ်။လက်ဆောင်ယူဖို့နဲ့ လက်ထပ်မလား၊ရပ်စဲမလားကို ခလုပ်နှိပ်ပြီး အရှင့်သား အဆင်ပြေသလိုလုပ်လို့ရပါတယ်။"

🪷အသက်မသေအောင် ကြိုးစားရင်းနဲ့ လရောင်ဖြူလေးဖြစ်လာခဲ့တယ်💞Where stories live. Discover now