Unicode:
ပိုင်ဟွိုင်းချွင် သူပြောဖို့လုပ်ထားသည်များကို ပြန်မျိုသိပ်ပြီး စကားအသွားအလာကို ပြောင်းလဲလျက် သက်ပြင်းချလိုက်သည်။
" မင်းတောင်းဆိုမှုက ထူးဆန်းလိုက်တာ။ ကြယ်သေတစ်ခုကိုတော့ ငါမင်းကိုပေးနိုင်ပါတယ်။ အဲ့လိုမှမဟုတ်ရင်လည်း အခြားသူတွေက ဘုရင်မလေးကိုအနိုင်ကျင့်နေတယ်လို့ ငါ့ကိုထင်နေကြဦးမယ်"
သူလျင်လျင်မြန်မြန်ပဲ လှုပ်ရှားလိုက်သည်။ သူ့ရဲ့ ကိုယ်ပိုင်ဒေတာတွေကို မွှေနောက်ရှာဖွေပြီးနောက် သူ့အကောင့်ထဲရှိ အီတာ LZ0 ကြယ်ကို ဆည်းဆာနာမည်ဖြင့် ချက်ချင်းလွှဲပေးလိုက်သည်။
ဆည်းဆာက ယဉ်ယဉ်ကျေးကျေးဖြင့်သာပြန်လည်ပြောကြား၏။
" Z2 တပ်ဖွဲ့အစား အရှင့်သားကို ကျေးဇူးတင်ပါတယ်"
" အပြောမစောပါနဲ့ဦး"
ပိုင်ဟွိုင်း၏ လက်ချောင်းသွယ်သွယ်တို့သည် သူ့အင်္ကျီအစွန်းနားလေးကို ဖြေးဖြေးချင်း ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပြောလိုက်သော စကားတို့က သူ့ကို အနည်းငယ်စိတ်ပူသွားစေ၏။
" အခြေအနေတစ်ခုအရ ငါမင်းနဲ့အတူလိုက်ချင်တယ်"
နှစ်စက္ကန့်မျှငြိမ်သက်သွား၏။
" အရှင့်သား ဒါကစည်းမျည်းတွေနဲ့ ဆန့်ကျင်နေပါတယ်"
ယဉ်ကျေးသိမ်မွေ့စွာပင် ငြင်းဆိုလိုက်၏။
ပိုင်ဟွိုင်းချွင်မှာ တိတ်တဆိတ် အံကြိတ်လျက်သာ။
မူလဇာတ်ကြောင်းမှာတော့ ဆည်းဆာရဲ့ အီတာကြယ် LZ0တွင် ကြုံတွေ့ရမည်တို့မှာ အန္တရာယ်တို့ဖြင့်ပြည့်နေလေသည်။ လုံခြုံရေးကိရိယာမပြည့်စုံမှုတို့ကြောင့် မိုင်းတွင်းပေါက်ကွဲမှုတွင် သေမလိုဖြစ်ခဲ့၏။ Z2 တပ်ဖွဲ့၀င်များလည်း စွန့်ပစ်မြေစာပုံများအကြား အကြီးအကျယ်ဆုံးရှူံးမှုတို့နှင့် ကြုံဆုံခဲ့ရသည်။ ရလာဒ်အနေဖြင့် တော်၀င်မိသားစုနှင့် ဖြစ်ပွားခဲ့သော ဇဲလ်တိုက်ပွဲမှာ အဆုံးမသတ်နိုင်အောင် ရှည်ကြာခဲ့လေသည်။
YOU ARE READING
🪷အသက်မသေအောင် ကြိုးစားရင်းနဲ့ လရောင်ဖြူလေးဖြစ်လာခဲ့တယ်💞
RomanceGenres _ Bl , System , Transmigration, Mpreg, Zerg