** Ch 4 **

45 8 0
                                    

Unicode:

Chapter 4 _ ( ပင်မဇာတ်ကြောင်းစတင်ရာ )

ထိုနေ့ခင်းတွင် ပိုင်ဟွိုင်းချွင်တစ်ယောက် အတော်ပင် စိတ်ဓာတ်ကျနေ၏။

ဆည်းဆာသည် တရားသူကြီး‌ထော့ခ်ျ ပေးလိုက်သည့်ဆေးကို မှောက်ချပစ်ရုံသာမက ပိုင်ဟွိုင်းချွင်၏ နှစ်သိမ့်မှုကိုလည်း လက်မခံခဲ့သည်မှာ သူ့အတွက်အတော့်ကို စိတ်ရှုပ်စရာပင်။

နောက်တစ်နေ့နံနက် ပိုင်ဟွိုင်းချွင် မျက်လုံးကိုပွတ်ပြီး နိုးထလာချိန်‌မှာဝောာ့ AAက ဆည်းဆာသည် အထုပ်အပိုးတွေသယ်ပြီး သူ့တာ၀န်များပြန်လည်ထမ်းဆောင်ရန် စစ်ခေါင်းဆောင်များထံသွားကြောင်း ပြောပြခဲ့၏။

ဥပဒေသတ်မှတ်ချက်အရ လက်ထပ်ပြီးစ အမများသည် လတစ်၀က်ခွင့်ယူခွင့်ရှိသည်။ သို့သော် ဆည်းဆာအတွက်မှာမူ ထို‌ဥပဒေက သက်ရောက်မှုမရှိပေ။

"အလုပ်စွဲနေတဲ့သူပဲ"

အိပ်ရာထခါစ ပိုင်ဟွိုင်းချွင်၏မျက်နှာမှာ နီမြန်းနေ၏။ ရှုပ်ထွေးလျက်  စကားအနည်းငယ်ကို တိုးတိုးလေးပြောလိုက်သည်။

"မနေ့က တရားသူကြီးထော့ခ်ျပေးခဲ့တဲ့ဆေးတွေအကုန်လုံးကိုမှောက်ပစ်ခဲ့ပြီး ဆေးငါးလုံးယူခဲ့တာပဲ။ ဒီနေ့လည်း အလုပ်ကိုအစောကြီးသွားတယ်ဆိုတော့ သူက အနိုင်ကျင့်ခံရတာကို ကြိုက်နေတယ်လား"

"မာစတာ သခင်မဆည်းဆာမှာ အဲ့လိုကိုယ်ခန္ဓာထူးခြားချက် မရှိသင့်ဘူးနော်"

AA ကဖြေသည်။ သေသေချာချာစဉ်းစားကာ သတိပေးလိုက်သည်က "ဒါထက် မနေ့ကအခြေအနေကိုမူတည်ပြီးပြောရရင်  ချောဆီလောင်းချတာက သူ့အတွက်တော့ပုံမှန်ပါပဲ။ အဲဒီလို အပြုအမူမျိုးက..."

အမှန်ကိုကြားပြီးနောက်မှာတော့ ပိုင်ဟွိုင်းချွင်တစ်ယောက် တုံ့ပြန်မှုမရှိတော့ဘဲ နှစ်စက္ကန့်လောက်ငြိမ်သက်သွား၏။

ထို့နောက်မှာတော့ ကြောက်လန့်နေသော ခြေတံရှည်သမင်‌တစ်ကောင်လို အိပ်ရာထဲမှရုတ်တရက် ခုန်ထွက်လာတော့သည်။စိုးရိမ်ကြီးစွာဖြင့် ခေါင်းအုံးဖက်လုံးတို့ကို သိမ်းကြုံးပွေ့ပိုက်လိုက်ပြီး မျက်နှာအပ်ထားလိုက်တော့သည်။ ကြောက်ကြောက်လန့်လန့်ဖြင့် ဟိုဟိုသည်သည် ဂဏာမငြိမ်သော မျက်လုံးတစ်စုံသာ ဖော်ထားလျက်ရှိသည်။

🪷အသက်မသေအောင် ကြိုးစားရင်းနဲ့ လရောင်ဖြူလေးဖြစ်လာခဲ့တယ်💞Where stories live. Discover now