** Ch 3 **

62 10 0
                                    

Unicode:

ဆံပင်ကောက်ကောက်နှင့် ကောင်လေးသည် ရှက်ရွံ့စွာပြုံးနေခဲ့သည်။ သူတုန့်ပြန်မှုမလုပ်နိုင်ခင်မှာပဲ သူ့၏ရှေ့မှ သေးငယ်သောသတ္တုတံခါးလေးမှာ ''ဂျိန်းခနဲ'' ပင် ရက်စက်စွာ ပိတ်သွားလေ၏။

တံခါး၏တခြားတစ်ဖက်တွင် ပိုင်ဟွိုင်းချွင်သည် ထိန်းသိမ်းရေးဝန်ထမ်း ခေါ်ထားမိသလားဆိုတာကို မမှတ်မိသည့်အပြင် အိမ်တွင်လည်း အပူထိန်းကိရိယာနှင့် ပတ်သက်၍ ပြဿနာမရှိခဲ့ပေ။

ယနေ့ခေတ်တွင် လိမ်လည်သော နည်းလမ်းများသည် အလွန်အဆင့်မြင့်လာကြပြီး မင်းသားနေသောနေရာကိုပင် သိရှိနိုင်ကြသည်။ ကြယ်စုကမ္ဘာတွင် လက်ဖက်ရောင်းသူများနှင့် နေမကောင်းသောအဖိုး၏ လှည့်ကွက်သည် ပျောက်ကွယ်လာသည့်ပုံပေါ်၏။

" မာစတာ ဒါက AA ခေါ်ထားတဲ့ ထိန်းသိမ်းရေးဝန်ထမ်းပါ "

ဉာဏ်ကောင်းတဲ့စက်ရုပ်က ရုတ်တရက်ထပြောလိုက်၏။

''တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတုန်း သင့်ရဲ့နှလုံးခုန်နှုန်းက တစ်စက္ကန့်မှာ ၁၁၀လောက်အထိ အတက်အကျဖြစ်လာတယ်။ လက်ဖျံအောက်က ကြွက်သားငယ်လေးတွေ ကျုံ့လာတယ်။ သင့်ရဲ့ဆံပင်မွေးညှင်းပေါက်လေးတွေလည်း ထောင်လာပြီး စောင်ထဲမှာပဲ နေချင်လာတယ်။ အဲဒါတွေအားလုံးက ချမ်းအေးခြင်းရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။ ဒါကြောင့် AAက အပူထိန်းကိရိယာနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ထင်နေတာ။''

ပိုင်ဟွိုင်းချွင်: ''.....''

စက်ရုပ်ဝန်ထမ်းလေးက အထက်က အခြေအနေတွေကို ဖြစ်စေနိုင်တဲ့ ခံစားချက်တစ်ခုရှိတယ်ဆိုတာကိုရော သိရဲ့လား။ အဲဒါကို စိုးရိမ်ပူပန်မှုနဲ့ စိတ်လှုပ်ရှားမှုလို့ ခေါ်သည်။
စောင်ကတော့ သူအကာအကွယ်အဖြစ်သုံးတဲ့ ဂွမ်းကပ်စောင်အစားထိုး သက်သက်သာဖြစ်သည်။

ဆည်းဆာက အခုထိ အိမ်မှာပဲရှိနေခဲ့သည့်အတွက် များများစားစားမရှင်းပြနိုင်ခဲ့ဘဲ AAကိုသာ တံခါးဖွင့်ပေးဖို့အတွက် ထပ်ပြီး တောင်းဆိုလိုက်သည်။စစ်ဆေးပြီးတဲ့နောက် ဘာပြဿနာမှမရှိတာကို သိရရင် မြန်မြန်ပြန်ထွက်သွားလိုက်မည်။

🪷အသက်မသေအောင် ကြိုးစားရင်းနဲ့ လရောင်ဖြူလေးဖြစ်လာခဲ့တယ်💞Where stories live. Discover now