part 5

4.4K 14 0
                                    

Part 5
..........

ဒီနေ့ ကြွေမျက်သွယ် ခါတိုင်းထက်ပိုနှေးကွေးစွာသွားလာနေသည်။

ဒီနေ့ရုံးပိတ်တာကြောင့် ဧည့်ခန်းမှာနားနေရင်း စာရင်းတွေတိုက်ကြည့်‌နေသည်။

မမကတော့ အနားထိုင်ကာ သတင်းစာဖတ်နေ၏။

သူနဲ့မမရဲ့ဆက်ဆံရေးကကောင်းတယ်လည်းမဟုတ် ဆိုးတယ်လည်းမဟုတ်။

သခင်ကြီးကိုချစ်တတ်လွန်းတဲ့မမက သခင်ကြီးချစ်တဲ့သူ့ကို လက်ခံပေးသည်။

"ရော့။ဒီနေ့ကိုကိုမြိုင်နဲ့သွားတွေ့လိုက်"

"ဟုတ်ကဲ့မမ"

ပစ်ပေးလာတဲ့စာအိတ်ကိုဖွင့်ဖောက် ဖတ်လိုက်ကာ အပေါ်တက်လာသည်။

အိပ်ရာပေါ်ကလူကတော့မထသေး။မမကလည်းသားဖြစ်သူအပြင်မှာအိပ်မယ်ထင်ပြီးမရှာ။မဟုတ်ရင် သူတို့မိတာကြာလှပေါ့။

ကျောက်စိမ်းပုပ်ရောင်ဝမ်းဆက်ကို ထုတ်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားသည်။ မှန်တင်ခုံမှာထိုင်ရင်း ပြင်စရာမလိုတဲ့ လှပတဲ့မျက်နှာလေးထက်နှုတ်ခမ်းနီစိုစိုလေးဆိုးကာ လက်ဝတ်လက်စားလေးဝတ်ဆင်လိုက်သည်။

လွမ်းခက်နိုးလာတော့ နားထဲခြူသံချွင်ချွင်လေးတွေကြားနေရပြီ။

"ဘယ်သွားမလို့လဲ"

"တွေ့စရာလူရှိလို့"

.
.
.
။။။။။

မြို့အုပ်ကတော်ဖြစ်လာခြင်း_Where stories live. Discover now