Part 25

881 63 17
                                    

သတိမရလာသေးတဲ့ Yanကို mark ရပ်ကြည့်နေရင်း အတွေးတွေလွန်နေသည်။

ဘ၀မှာအခွင့်ရေးအများကြီးမရှိဘူးတဲ့.....ကိုယ့်အတွက် အခွင့်ရေးကအစတည်းကရှိရဲ့လားဆိုတာ‌တောင် မသိတော့ဘူး Yan....

"တကယ်လို့ကိုယ်ပြောရင်ရော မင်းကိုယ့်ရဲ့ခံစားချက်တွေကိုလက်ခံပေးမှာလား yan"

သူကရော ဘယ်လိုဖွင့်ပြောပြရမှာလဲ...အရာရာနောက်ကျခဲ့ပြီးမလား။

"Fourth....မင်းဘာမှမဖြစ်ပါနဲ့နော် fourth "

ရုတ်တရက် အိပ်ပျော်နေသူစီမှ ယောင်ယမ်းတမ်းတတဲ့ နာမည်ဟာ သူမဟုတ်ခဲ့ပါ။

တွေ့လား....သူပြောသားပဲ၊ သူ့အတွက်အခွင့်ရေးက အစတည်းက မရှိခဲ့တာပါလို့.....

‌ကျလာတဲ့မျက်ရည်တွေကို ဖယ်ထုတ်ကာ Yan နဲ့ခပ်လှမ်းလှမ်းဆီ mark   လျှောက်သွားပြီး ထိုင်ချလိုက်သည်။

ဘာလို့နာကျင်နေရသလဲရဲ့ အဖြေဟာ သူပဲ ....
မမျိုသိပ်နိုင်ခဲ့လို့....မမှီမကမ်းတွေ လှမ်းခဲ့လို့လေ
တယောက်ထဲ ပြိုင်ပြီး မနိုင်ခဲ့တဲ့ကစားသမားဟာသူပါပဲ.......

-------------------------------------------------------------

Fann အောက်ထပ်ဆင်းလာစဉ် အလုပ်ခန်းဘက်ကနေ ဆူညံသံတွေကြောင့် တံခါးနားကပ်ကာ နားထောင်နေခြင်းပင်....

"ဒီတခေါက်လဲ လွတ်သွားပြန်ပြီးလား....ငါထောင်ထဲဝင်ရောက်အောင်မင်းလုပ်နေတယ်ဆိုတာရောမင်းသိရဲ့လား"

"ကျနော်အဲဒီသေနတ်သမားနှစ်ယောက်ကိုရှင်းဖို့ပြောပြီးသွားပါပြီဗျ၊ ....လူကြီးမင်းဆီ လုံးဝမရောက်လာစေရပါဘူးလို့ကျွန်တော်အာမခံပါတယ်.....အာ့...အာ့"

အခန်းထဲ သူ့တပြည့်ကိုရိုက်နေပုံက fannကြည့်နေရင်းပင် ရင်တွေတုန်ရသည်။

"မင်းကဘယ်လိုလုပ်သိတာလဲ....ဟမ်....ဟိုခွေးကောင်ကဒီလောက်နှာခေါင်းကောင်းတာ၊ ငါဆိုတာသိဖို့သူနှာခေါင်းတချက်‌ဝှေ့လိုက်ရုံပဲ"

အံဆွဲထဲက သေနတ်ဆွဲထုတ်ကာ ထိုကောင်လေးအားချိန်ထားသည့် Foei...

"ငါပြောထားပြီးပြီမလား.မင်းတို့သူ့ကိုမရှင်းနိုင်ရင် အရှင်းခံရမှာမင်းတို့ပဲဆိုတာ"

Invests With Heart (Completed)Where stories live. Discover now