𝑪𝒉𝒂𝒑𝒕𝒆𝒓 𝑻𝒉𝒓𝒆𝒆-𝑮𝒓𝒐𝒘𝒏 𝒃𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

45 7 0
                                    

"we don't say it but we both feel it."
-j.b.


နေ့တစ်နေ့ရဲ့အစမှာ အဖြူရောင်ဖြစ်နေတဲ့စာမျက်နှာကို အံ့ဩခြင်းများပြည့်နက်နေတဲ့စာသားတွေနဲ့ဖြည့်စွက်မယ်ဆို သူကတော့သူ့ရဲ့ဆန်းကြယ်လွန်းလှတဲ့နှလုံးသားအကြောင်းရေးမိမယ်ထင်တယ်။

တိတ်ဆိတ်နေတဲ့အခန်းထဲသို့သူလျှောက်လမ်းလာခဲ့သည်။ အခန်းထဲတွင် ကွက်တိကွက်ကြားထိုင်နေကြတဲ့ကျောင်းသားတွေထဲ တစ်စုံတစ်ယောက်ကိုလိုက်ရှာမိသည်။ ထိုင်ခုံတွေကလှေကားတွေလိုဖြစ်နေတာကြောင့် အောက်ကရေရင် တတိယမြောက်လှေကားတွင် တစ်ယောက်တည်းထိုင်နေတဲ့ဂျီဆောင်းကိုတွေ့လိုက်တာကြောင့် သူပျော်မိသည်။ ဂျီဆောင်းကိုသူလှမ်းခေါ်ကာ ဂျီဆောင်းဘေးမှာဝင်ထိုင်ဖို့ကြိုးစားသည်။

"ဂျီဆောင်းနာ...ဘယ်ထဲကရောက်နေတာလဲ"

"အားညော်~~~ ဂျယ်မင်းနာ!!!"

သူဂျီဆောင်းဘေးတွင်ဝင်ထိုင်မလို့ဘဲရှိသေးသည် ဘယ်ကနေဘယ်လိုရောက်ချလာတဲ့ယူနာကြောင့် သူလန့်ပြီးခုံပေါ်ကပြုတ်ကျမလိုတောင်ဖြစ်ရသည်။

"အာ....ယူနာ....ဘယ်လိုလုပ်..."

"ငါလည်းဒီအတန်းတက်ရတယ်လေ...နင်တို့ကBFAမလား...ငါကPEFAလေ...အတူတူပဲနည်းနည်းပဲကွဲတာ....ဒီFilm အတန်းကအနုပညာမေဂျာသမားတွေအကုန်တက်ရတယ်လေ"

သူမေးမယ့်မေးခွန်းကို ယူနာကကြိုဖြေသွားတာကြောင့် သူဒီတိုင်းမလှုပ်မရပ်နေမိသည်။

"အဲ့တော့ ငါတို့သုံးယောက်နောက်ဆိုခဏခဏတွေ့ရတော့မှာလေ...ငါနင်တို့နဲ့အတူထိုင်လို့ဖြစ်တယ်မလား"

ပါးစပ်ကပြောတာထက် လူကပိုမြန်တယ်ထင်တာပဲ။ ယူနာကပြောလည်းပြော သူဘေးတွင်လာထိုင်သည်။ နောက်တွင် ဆရာလည်းအခန်းထဲသို့ဝင်လာလို့ ကျောင်းသားကျောင်သူတွေလည်းနေရာအသီးသီးတွင်ထိုင်ကာ အတန်းချိန်သင်ကြသည်။

––––––––

"ငါတို့ဘာစားကြမလဲ"

စာသင်ချိန်တွေပြီးသွားတဲ့အခါ နေ့လည်စာစားဖို့ယူနာကသူနဲ့ဂျီဆောင်းကိုခေါ်နေသည်။

"ငါတော့ဘာဖြစ်ဖြစ်ရတယ်"

"ငါရောပဲ"

"ဂျီဆောင်းကဆိုးကပဲလား"

𝐓𝐡𝐞 𝟔𝐭𝐡 𝐒𝐮𝐦𝐦𝐞𝐫 [𝐍𝐨𝐦𝐢𝐧]Where stories live. Discover now