𝑪𝒉𝒂𝒑𝒕𝒆𝒓 𝑻𝒘𝒐-𝑱𝒖𝒔𝒕 𝒂 𝒍𝒊𝒕𝒕𝒍𝒆 𝒎𝒐𝒓𝒆 𝒕𝒉𝒂𝒏 𝒔𝒕𝒓𝒂𝒏𝒈𝒆𝒓𝒔

54 7 0
                                    

-The heart has its reasons which reason knows nothing of.
[Blaise Pascal]


"အားလုံးလူစုံပြီမလား"

ကားပေါ်တွင် ထိုင်နေသူclub member တွေကိုကြည့်ကာ ယောင်းဆိုးနူနာကပြောလာသည်။ သူတို့ training ဆင်းဖို့ပင်လယ်ဘက်ကိုခရီးထွက်ဖို့ပြင်ကြသည်။ သူပင်လယ်ကိုသွားရမှာမို့ စိတ်လှုပ်ရှားနေပေမဲ့ တစ်ခုခုကလျစ်ဟာနေတယ်လို့ခံစားရသည်။ သူမျှော်နေတဲ့တစ်ယောက်သောသူက ရောက်မလာသေးပါ။ သူထင်ထားသလိုခရီးကိုမလိုက်ရင်ဘယ်လိုလုပ်မလဲလို့ စိုးရိမ်နေခဲ့မိသည်။

"ယောင်းဆိုး...ဂျဲနိုမလာသေးဘူး"

ကားနောက်ဘက်တွင်ထိုင်နေတဲ့စီနီယာတစ်ယောက်ကပြောလာသည်။

"လီဂျဲနိုတို့ကတော့ အမြဲတမ်းနောက်ကျနေတော့တာပဲ.."

ယောင်းဆိုးနူနာက စိတ်တိုသလိုပုံစံဖြင့်ပြောလာပေမဲ့ တကယ်ကြီးလည်းစိတ်တိုတဲ့ပုံစံမဟုတ်ပေ။

"မင်ဟျောင်း...နင်သူ့ကိုဖုန်းဆက်ထားလား"

"အင်းဆက်ထားတယ်.."

ယောင်းဆိုးနူနာက ထိုစီနီယာကို စကားပြောနေစဉ် ကားပေါ်ကိုအလျင်အမြန်တက်လာသူတစ်ဦး။

"ဆောရီးပါ...နောက်ကျသွားတယ်"

"ကြွလာပါပြီ ဆရာသမား"

လွယ်အိတ်အမဲကိုတစ်ဖက်တည်းလွယ်ကာ ရောက်လာသူက ဆွယ်တာအညိုကို ဂျင်းဘောင်းဘီနဲ့ဂျင်းကုတ်ဖြင့် ဝတ်ဆင်ထားသည်။ ကားပေါ်ရောက်လာတာနဲ့ သူနဲ့အမှတ်တမှတ်မျက်လုံးချင်းစုံသွားခဲ့သည်။ သူ့ကိုကားပေါ်တွင်တွေ့လိုက်ရလို့အံ့ဩသွားတဲ့အရိပ်သမ်းလာတဲ့ဝိုင်းစက်သွားတဲ့မျက်ဝန်းတွေ။

"ဒါဆိုလူစုံပြီနော်..."

သူ့ဘေးနားမသိမသာလာထိုင်တဲ့လူကိုတော့ သူဘာစကားမှမပြောမိ။ သူကိုယ်တိုင်ကလည်းအံ့ဩနေတာဖြစ်သည်။ အနောက်ဘက်ကနေဂျဲနိုကိုလှမ်းခေါ်နေတဲ့သူငယ်ချင်းဖြစ်သူတွေကို ပစ်ပယ်ထားကာ နှစ်ခါတွေ့ဖူးပြီး တစ်ခါစကားပြောဖူးထားတဲ့သူ့ဘေးနားကခုံအလွတ်တွင်လာထိုင်လို့ သူသည်လည်းအံ့ဩမိသည်။ ဒါပေမဲ့သူ့ရဲ့နှလုံးသားကတော့ ဆန့်ကျင်ဘက်ပြောသည်။

𝐓𝐡𝐞 𝟔𝐭𝐡 𝐒𝐮𝐦𝐦𝐞𝐫 [𝐍𝐨𝐦𝐢𝐧]Where stories live. Discover now