-Sometimes in the waves of change we find our true direction.
•
•
မသိခြင်းများတဲ့မနက်ခင်းတစ်ခုမှာ ခံစားချက်အသစ်တစ်ချို့နဲ့ စတင်ဖို့ကြိုးစားသည်။ လမ်းမပေါ်တွင်သွားလာနေကြတဲ့လူသားတွေရဲ့ဘဝပေါင်းများစွာကိုရေတွက်ရင်း ခြေလှမ်းတွေကသစ်လွင်နေခဲ့သည်။ နေရောင်အောက်တွင် လေပြေတွေခဏခဏအလည်လာရောက်လို့လာတဲ့ မိုးပြာရောင်ဆံနွယ်တွေကလွှင့်မျောနေသည်။ ရှပ်အကျီအဖြူလက်တိုကို ဂျင်းဘောင်းဘီဖြင့်ဝတ်ထားကာ မိုးပြာရောင်Nikeဖိနပ်တွေက လမ်းမပေါ်တွင်ခြေရာတွေထားကျန်ရစ်ခဲ့သည်။"မင်းဘယ်တော့ပြန်လာမှာလဲ"
ဘေးတွင်သူနဲ့အတူလျှောက်လာတဲ့ဟယ်ချန်းကိုမေးမိသည်။
"မနက်ဖြန်၊ တဘက်ခါလောက်ပေါ့...ဘာလို့လဲငါမရှိလို့ပြင်းလို့လား..ဟင်မင်ဂျယ်ရား.."
စကားကိုကောင်းကောင်းမွန်မွန်မပြောဘဲ သူ့နာမည်ကိုပြောင်းခေါ်လာပြန်တဲ့ဟယ်ချန်းကို သူမျက်စောင်းထိုးလိုက်သည်။
"ဟယ်ချန်း....ငါမေးစရာတစ်ခုရှိတယ်"
"အင်း"
".....နမ်းတယ်ဆိုတာဘယ်လိုမျိုးလဲ.."
သူ့ရဲ့စိတ်ထဲတွင် ပြီးခဲ့တဲ့အပတ်ထဲကရောက်ရောက်လာတဲ့အတွေးတစ်ခု။ သူဘယ်လိုမှမေ့ပစ်လို့မရဖြစ်နေသည်။
"နမ်းတယ်?"
ဟယ်ချန်းကသူပြောတာကိုနားမလည်လို့သူ့ကိုမျက်မှောင်ကြုံပြီးကြည့်လာသည်။ သူအသက်ကိုဝဝရှုပြီး သေချာရှင်းပြဖို့လုပ်လိုက်သည်။
"ဒီလိုကွာ....နမ်းမယ်လို့လည်းအချိန်မသတ်မှတ်ဘဲ...မနမ်းခင်လည်းကြိုမပြောဘဲ.."
ဟယ်ချန်းကသူပြောတာကိုသဘောပေါက်ဟန်ပြကာ သူ့ကိုရှင်းပြလာသည်။
"နမ်းတယ်ဆိုတာ..ခံစားချက်အတိုင်းသွားတာလေ...မင်းခံစားချက်တွေကနမ်းဖို့ဖြစ်တည်လာရင် နမ်းမှာပေါ့...ဒါပေမဲ့နှစ်ယောက်တည်းမှာ မကြိုက်တဲ့သူကတော့ရှောင်ဖယ်သွားမှာပေါ့"
ဟယ်ချန်းပြောတဲ့စကားတွေကိုနားထောင်ရင်း ဟိုတစ်နေ့ကအဖြစ်အပျက်ကိုပြန်တွေးမိတဲ့အခါ သူ့ရဲ့နှလုံးသားလေးကသံစဉ်တွေရေးဆွဲလာပြန်ပြီ။ သူမသိမသာပြုံးမိပါရဲ့။
YOU ARE READING
𝐓𝐡𝐞 𝟔𝐭𝐡 𝐒𝐮𝐦𝐦𝐞𝐫 [𝐍𝐨𝐦𝐢𝐧]
Romance-Sometime fear is as deep as ocean • • ∴∴∴∴∴∴ ပထမနွေရာသီမှာမင်းကိုတွေ့ခဲ့ပြီး... ဒုတိယနွေရာသီမှာငါတို့သူငယ်ချင်းဖြစ်ခဲ့တယ်... တတိယနွေရာသီမှာငါတို့ရဲ့ခံစားချက်တွေကြီးထွားလာခဲ့ပြီး... စတုတ္ထနွေရာသီမှာငါတို့ချစ်ခဲ့ကြတယ်... ပဥ္စမနွေရာသီမှာငါချစ်ရတဲ့မင်း...