Fourth လာသွားပြီးထဲက တောက်လျှောက်စဉ်းစားနေခဲ့တာ jiတော်တော်လေးမှားခဲ့မှန်း သတိထားမိလာသည်။
"Ran ရှင်မပြန်လာသေးဘူးလား....jiစောင့်နေတယ်လေ၊ ရှင်ပြန်လာရင် ကျမ မှားခဲ့တာတွေအတွက် တောင်းပန်ပါ့မယ်၊ ပြန်လာခဲ့ပါတော့"
Ranအငွေ့သက်လေးတွေရှိနေတဲ့ T-shirts လေးတထည်ကို ဖက်ထားမိသည်။
သူတကယ် လွမ်းနေပါပြီး....လက်ထပ်ပြီးထဲက အလုပ်ကိတ်စနဲ့တောင် ဒီလောက်ကြာကြာ ခွဲမနေခဲ့ဖူးဘူး။အခန်းတံခါးဖွင့်သံကြောင့် ranပြန်လာပြီးအထင်နဲ့ jiထရပ်လိုက်သည်။
"Ran!.....အဖေ ..."
"Ji..."
"အဖေ့..."
၀မ်းနည်းလွန်းစွာ အဖေ့ရင်ခွင်ထဲ jiပြေး၀င်မိသည်။
"Ji မှားခဲ့တယ်ဆိုတာ jiသိပါပြီး....လူတစ်ယောက်ကသူမလုပ်ဘဲနဲ့စွပ်စွဲခံရတာက ဘယ်လောက်နာကျင်ရလဲဆိုတာjiသိပါပြီ......
အဖေ သမီး ranကို နာကျင်စေခဲ့မိတယ်မဟုတ်လားရှင့် ""အခုတော့သဘောပေါက်သွားပြီပေါ့....ဟင်....ji ဝမ်းနည်းနေတာကိုသာမမြင်ခဲ့ရင် အဖေ ranနဲ့ ဗြောက်အိုးသွားဖောက်ပြီးအောင်ပွဲခံနေပြီး "
"Aow....အဖေ့!!"
"အော်....အဲ့တာနဲ့တင်မလုံလောက်သေးဘူး၊ မီးပန်းဆယ်ခုလောက်ဖောက်ပြီးယတြာချေနေလောက်ပြီ"
"အဖေယတြာချေရလောက်တဲ့ထိ jiကတော်တော်ဆိုးနေတာလား"
မျက်ရည်လေးတွေအိုင်ကာ ငိုသံနဲ့ ပြောနေတဲ့ John ရဲ့ရင်နှစ်သည်းချာလေးကို မျက်ရည်လေးတွေသုတ်ပေးလိုက်ကာ ခုံမှာထိုင်စေလိုက်သည်။
"Jiကမဆိုးပါဘူး..ဒါပေမယ့်jiကခေါင်းမာတယ်"
"Jiတစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ အနိုင်ပဲလိုချင်ခဲ့မိတယ်၊ ပြီးတော့ကိုယ့်အမှားကိုယ်၀န်မခံချင်ခဲ့ဘူးဟုတ်တယ်မလားအဖေ"
"အင်း....အဖေတို့ကိုယ့်ကိုယ်ကိုမှားသွားမှန်းသိတဲ့အခါကျရင် အဲဒီအမှားကိုဘယ်လိုပြန်ပြင်ဆင်ရမလဲဆိုတာကိုလည်းမြန်မြန်လေးသိအောင်လုပ်ရတယ်......ဒီမှာ ji တကယ်လို့တစ်ယောက်ယောက်ကိုချစ်ချင်ရင် သမီးအလျော့ပေးတာကိုလည်းသင်ယူထားရမယ်"

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...