ep(3)
" နားမရှင်းလဲ သေချာလေးနားထောင်
ဂျောင်ကုလေးကို နင့်သားဂျီမင်းနဲ့ပေးစားမလို့""ဗျာ..."
"ဗျာ"ဖွားလေးစကားကြောင့် ကျနော်ရော ကလေးပါ မျက်လုံးပြူးပြီးအံသြသွားရသည်
" အမေ ဘာပြောလိုက်တာလဲ "
" ညည်းနားကန်းနေလား မိခင်လေး "
" သားကို ဂျောင်ကုနဲ့ပေးစားမို့ ဟုတ်လား"
" အေးလေ အဲ့ဒါ ဘာဖြစ်လို့လဲ "
" ဟာ...ရူးနေလို့လား ဖွားဖွားကြီးကလဲ"
"ဟဲ့...သား"
အကုန်လုံးကြောက်ရတဲ့ မိခင်ကို ရူးနေလားပြောလိုက်တဲ့ သားကြောင့် ခင်လေးမှာ
အမြန်လက်တို့လိုက်ရသည်
ဒါကိုကြည့်ပြီးဂျောင်ကုမှာလဲ"ဖွားလေး... ဟိုလေ နည်းနည်းများ
လွဲနေသလားလို့ "" မလွဲပါဘူး သားရဲ့ သားရဲ့ညီလေးကို
ဖွာကစိတ်မချလို့ အခုလိုစီစဥ်ရတာပါ""မရဘူးလေဖွားဖွားကြီးရဲ့ ယောက်ကျားချင်းချင်း ဘယ်လိုယူရမှာလဲ"
"ဟုတ်တာပဲ အမေကလဲ "
"မိခင် ညည်းနဲ့ မဆိုင်ရင်တိတ်တိတ်နေစမ်း"
" မဆိုင်စရာလားအမေ သားက သမီးမွေး ထားတဲ့သားပါ"
" ညည်းကိုရော ဘယ်သူမွေးထားလဲ ငါ့အရိပ်အောက်မှာနေရင် ငါ့စကားနားထောင်ရမယ်"
ထိုစကားမှာတော့ မိခင်လေးတစ်ယောက် ခံရခက်ခက်နဲ့ ဘာမှထပ်မပြောရဲပဲ ငြိမ်လိုက်ရတော့သည်
" ဖွားဖွားကြီး ကျနော်မယူနိုင်ဘူးနော်
ကျနော်အသက်မပြည့်သေးဘူး ကလေးပဲရှိသေးတာ"" အသက်မပြည့်လဲ ဖွားကသဘောတူရင်
ယူလို့ရပါတယ်"" မရဘူး ကျနော်ကျောင်းတက်နေတုန်းဟာကို"
" အဲ့ဒါလဲ စိတ်မပူနဲ့ ယူပြီးလဲ ကျောင်းဆက်တက်လို့ ရတယ်"
" ဟာ ...မယူဘူးဗျာ ဖွားဖွားကြီးယူချင်ရင်
ကိုယ့်ဘာသာကိုယ်ယူ""ဟဲ့...ဒီကလေး"
" သား... အဖွားကိုဘယ်လိုပြောလိုက်တာလဲ"