ကိုကို့ကလေးလေး ep(8)
မနက်ခင်းရဲ့နေခြည်နွေးနွေးလေးဟာ
သူ့မျက်နှာပေါ်ဖြာကျလာသည်
မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်နဲ့ဖွင့်ကြည့်လိုက်တော့ ဘေးကပါးဖောင်းဖောင်းမျက်နှာလေးကိုအရင်ဆုံးမြင်ရသည်
နံရံပေါ်ကနာရီကိုလှမ်းကြည့်တော့ 7နာရီ"ကလေး....ကလေး..."
"အင်း.."
"ထတော့... ကျောင်းတက်ရမယ်"
" သား ထချင်သေးဘူးဗျာ"
ဂျီမင်းဟာ သူ့ကိုယ်သူ သားနဲ့ပြောပြီး
ဘေးကဂျောင်ကုနားပို၍တိုးကပ်သွားသည်"ကလေး ....ကလေး..... မထသေးဘူးလား ကိုယ့်ကိုဘာဖြစ်စေချင်နေတာလဲ"
"ဟင်....ကိုကို..."
ထိုတော့မှ အလန့်တကြားနဲ့ ထပြေးတဲ့ဂျီမင်း
"ကိုကို ဘယ်လိုဖြစ်ပြီး ကျနော့်အခန်းရောက်နေတာလဲ"
မျက်လုံးအပြူးနဲ့မေးနေတဲ့ ဒီကျပ်မပြည့်တဲ့ကလေးဟာ မနေ့ညကတည်းက မဂ်လာစံအိမ်ရောက်နေတာကို မေ့သွားပြန်ပြီထင်သည်
" ရေသွားချိုးတော့ ကျောင်းတက်နောက်ကျရင် ကလေးကို သူများတွေ တစ်မျိုးတွေးကုန်လိမ့်မယ်"
ဂျီမင်းလဲ ပထမက ခေါ်နိုးသူကို မာမီလို့ထင်ပြီး ချွဲလိုက်ပေမဲ့ တကယ်တမ်းကျတော့ကိုကိုဖြစ်နေတဲ့အခါ သူလန့်သွားရသည်
ဪ...ဟုတ်သား မနေ့ညကတည်းက
ဒီအိမ်ကြီးကိုရောက်နေတာပဲညကတည်းက ဖွားလေးပြင်ဆင်ထားပေးတဲ့ ကျောင်းဝတ်စုံကိုဆွဲယူကာ ရေချိုးခန်းထဲပြေးတော့သည်
ကိုကိုကတော့ကုတင်ပေါ်ကနေ ပြုံးပြုံးကြီး ကြည့်နေစဲကျနော် အဝတ်စားတွေ ရေချိုးခန်းမှာ တစ်ခါတည်း ဝတ်လိုက်ပြီးမှ ပြန်ထွက်လာခဲ့သည် အခန်းမှာဆို ကိုကိုရှိတယ်မဟုတ်လား သူများရှေ့မှာ ပြင်ဆင်ရတာ ကျနော်သဘောမကျပေ
ကျနော်ထွက်လာတော့ ကိုကိုက ကျနော့်ထက်ကို
အရင် ပြင်ဆင်ပြီးနေပြီ"ကိုကို"
"ပြီးပြီလား "
"ဟုတ် "