ကိုကို့ကလေးလေး ep(4)
ဦးဇော်တစ်ယောက် ပြောင်းရွေ့ရမဲ့ လူစရင်းတွေ တွက်နေရင်း အိမ်က မိန်းမဖြစ်သူဖုန်းဆက်လာပြီးပြောတဲ့ စကားတွေကိုပြန်ကြားယောင်နေမိသည်
ထိုအခါ ဒေါသတွေလဲထွက်လာသည်အိမ်တွင်းရေးမှာ ဘာပဲလုပ်လုပ် တစ်ခါမှဝင်မပြောတတ်တဲ့ဦးဇော်ဟာ သားကိုလင်ပေးစားမယ်ဆိုတဲ့အခါမှာတော့ မပါမဖြစ်တော့ပေ
ရှိတာမှ ချစ်မဝနိုင်တဲ့ ဒီသားလေး
တစ်ယောက်ထဲရှိတာကိုလင်ပေးစားဖို့
ကြံစည်နေတဲ့ယောက်ခမဖြစ်သူကိုလဲ
သီးခံလို့မဖြစ်တော့"ဆရာ ကျနော်တို့ ကား3စီးထွက်သွားပါပြီ"
"အယောက်300ပြည့်လား"
"ဟုတ်ပြည့်ပါတယ်ဆရာ"
" ok"
အထက်ကပေးတဲ့တာဝန်ပြီးပြီဆိုတော့
ခွင့်ယူပြီး ခဏလောက်အိမ်ပြန်ရမည်
သားနဲ့မယားကိုလဲ လွမ်းနေပြီမဟုတ်လားသူတာဝန်ပြီးတာနဲ့ 4နာရီကြာတဲ့ခရီးကို
သဘာဝ တောလမ်းတွေကြည့်ရင်း ခရီးဆက်ခဲ့သည်တစ်ဖက်မှာလဲ ယောက်ကျားမယူချင်လို့
မာမီကိုကပ်ချွဲနေတဲ့ ဂျီမင်းလေး"မာမီ ဖွားဖွားကြီးကိုပြောပေးလို့မရဘူးလားဟင်"
"မရလို့ပေါ့သားရယ် သားအဖွားက မာမီကို
ဘယ်နှစ်ခါ မျက်နှာသာပေးလို့လဲ "" ကျနော်ယောက်ကျားမယူချင်ဘူး
ဘယ်လိုလုပ်ရမလဲ မာမီ""သားစိတ်မပူပါနဲ့ သားဒယ်ဒီ ဒီညပြန်လာမှာ"
"ဟုတ်လား ဒယ်ဒီက ကျနော့်ကိုကူပြောပေးမယ် မဟုတ်လား"
"ဒါပေါ့ အဲ့ဒါကြောင့် သားဒယ်ဒီ
ဒီညပြန်လာမှာ"မာမီစကားကြောင့် သူအားတက်သွားသည်
တစ်အိမ်လုံးကြောက်ရတဲ့ဖွားဖွားကြီးကို ဒယ်ဒီအကြောင်းပြရမည်ည10နာရီလောက်ကျတော့ ဦဇော်အိမ်ကို
ပြန်ရောက်လာခဲ့သည် သူပြန်ရောက်လာတော့
သားနဲ့ မိန်းမက မအိပ်ပဲစောင့်ကြိုနေသည်
ယောက်ခမကတော့ အိပ်ယာဝင်သွားပြီဆိုလို့
ပြောချင်နေတဲ့စကားလုံးတွေ မြိုသိမ့်ထားလိုက်သည်