ကိုကို့ကလေးလေး ep(6)
ညကဘယ်လောက်တောင် ပင်ပန်းသွားလို့လဲမသိ မနက်11နာရီတောင်ထိုးနေပြီး မနိုးသေးတဲ့ကလေးကို ကျနော် ခေါ်နိုးဖို့ပြင်လိုက်သည်
ဒါပေမဲ့ ကျနော်မနိုးဖြစ်ပါ သူ့ဘာသာသူအိပ်ချင်တဲ့အချိန်ထိအိပ်ပါစေတော့လို့တွေးပြီး အခန်းပြင်ထွက်လာလိုက်သည်
"မြေးငယ်လေး မနိုးသေးဘူးလား"
"မနိုးသေးဘူး ဖွားလေး "
"ခေါ်နိုးလိုက်လေ ဟန်းနီးမွန်းသွားဖို့ စီစဥ်ပေးမလို့ ဘယ်နေရာတွေသွားချင်လဲဆိုတာ
မြေးငယ်လေးကိုမေးမှရမှာ""အဲ့ဒါက နောက်မှ စီစဥ်လို့ရပါတယ် ဖွားလေးရယ်
အခုက အိပ်ဝအောင်အိပ်ပါစေအုံး ""အေးပါ အခုမြေးငယ်လေးကို ဖွားမြေးလက်ထဲအပ်လိုက်ပြီနော် သေချာထိန်းတော့"
"ဟုတ်ကဲ့ပါဖွားလေး "
"သားရေ အိမ်ရှေ့မှာ ကင်နန်ဂျွန်းရောက်နေတယ် "
ဖွားလေးနဲ့ပြောနေတုန်း အန်တီခင်လေးလာပြောသောကြောင့်
ကျနော်အိမ်ရှေ့ခန်းကိုထွက်လာလိုက်သည်
ကင်နန်ဂျွန်းက ကျနော်ကိုတွေ့တာနဲ့ မျက်နှာကို
စပ်ဖြီးဖြီးလုပ်ကာ မျက်ခုံးတွန့်ပြသည်" ဘာလဲ "
ကျနော်လဲ ပြုံးဖြီးနေတဲ့နန်ဂျွန်းကို
ခပ်တည်တည်နဲ့ ပြန်မေးလိုက်သည်"ညက အခြေနေဘယ်လိုလဲ"
"ဘာကို ဘယ်လိုလဲ ပေါက်ကရတွေ လျှောက်မတွေးနေနဲ့"
"ဘာပေါက်ကရလဲ မနေ့ကတောင် နမ်းတာကြီးကကြောက်စရာကိုကွာ"
"ဟာ...အဲ့ဒါက သက်သက်ဟန်ဆောင်တာ"
ဒီစကားကိုတော့ ကျနော် အနားကပ်ပြီးတိုးတိုးလေးဆိုလိုက်ခြင်းဖြစ်သည်
"မဖြစ်နိုင်တာ ဂျောင်ကုရာ"
"တိုးတိုး ဟိတ်ကောင်ရ နောက်မှ ငါပြောပြမယ်"
"အေးပါ ဒါနဲ့ ဂျီမင်းရော"
"အိပ်နေတုန်းပဲ"
"ဒါဆို ငါအပြင်သွားမလို့ လိုက်မလား"
"လိုက်မယ် ဖွားလေးက ငါ့ကို သူ့အလုပ်တွေ နားထားခိုင်းတယ်"