<4 [U]

4 0 0
                                    

At Morning

jonginသူ့ခါးပေါ်က လေးလံမှုနှင့်အတူ နိုးထ
လာသည် ။သူ့ခါးကို ဖက်ပီးအိပ်နေတဲ့ ထိုလူ

ညက ကြောက်စိတ်တွေသာ ကြီးစိုး​နေ​တော့ထိုလူရဲ့မျက်နှာကို သေချာသတိမထားမိ။
သေချာကြည့်မိတော့

"ချောလိုက်တာ"

jongin သူ့ပါးစပ်ကိုလက်ဖြင့်အမြန် အုပ်လိုက်မိ၏ နိုးသွားမှဖြင့်

ဘယ်လိုဘဲပြောပြော ထိုလူသည်
ယောက်ျားဆန်ဆန်ချောမောသည်မှာ ငြင်းမရသောအချက်ပင်

နက်မှောင်တဲ့ဆံပင် မျက်ခုံးနက်နက် ပိတ်ထားတဲ့မျက်ဝန်းတစ်စုံ တင်းတင်းစေ့ထားပြီး
ပါးလွှာတဲ့နှုတ်ခမ်းရဲရဲ ခြုံကြည့်ရင်
ထိုလူမှာပြည့်စုံတာထက်ကိုပို၏။

"ကြည့်လိုဝပြီလား?"
"ဟင်"

သူဘယ်လောက်တောင်ငေးမိသွားလဲမသိ။
အား...ရှက်လိုက်တာ

"မ...မဟုတ်...ပါဘူး"

Sehunသည် မိမိရှေ့က နီရဲနေတဲ့မျက်နှာလေးနှင့်
ရှက်ကာခေါင်းကိုအတင်းငုံ့ထားတဲ့ကောင်လေးကြောင့် နှုတ်ခမ်းစွန်းလေးတစ်ဖက်ကော့တက်သွားခဲ့ရသည်။

ကောင်လေးကို စိုက်ကြည့်ရင်း

"Oh Sehun "
"ဟင်..."
"ကိုယ့်နာမည်"

"Kim...Kim Jongin ပါ Omma က niniလို့ခေါ်ပါတယ်"

ဒီကောင်လေးသူ့ကို ရှက်နေသေးပုံရသည်။
ခုထိခေါင်းကိုပင်မမော့လာ

"ဟို...ဟို"
"အင်း..."
"nini...ဗိုက်ဆာလို့"

ဟုတ်တယ်...
သူခုထိဘာမှမစားရသေး ဗိုက်တော်တော်ဆာနေပီဖြစ်သည်။

"အင်း...ကိုယ်ပြင်ခိုင်းထားတယ်"
"အခု သန့်ရှင်းရေးလုပ်လိုက်ဦး "

သူအခုမှသတိထားမိသည်။အခုထိသူမျက်နှာမသစ်ရသေး...

အခု မှန်ထောင်ပီကြည့်မယ်ဆိုရင် သူ
ဟာသူတောင်လန့်မိမလားမသိဘူး။
အား...တကယ်ပါပဲ့

မိမိရှေ့ကမျက်နှာ အမျိုးမျိုးပြောင်းနေတဲ့
Gom လေးကို ​ကြည့်ရင်း Sehun အသဲယားမိပါသည်။

"ရေချိုးခန်း ဟိုဘက်မှာ...Gom"
"Gom??"
"မင်းလေးက ဝက်ဝံလေးနဲ့တူလို့"
"......"

°HEALER°&lt;sekai&gt;Where stories live. Discover now