WGM_1(Z)

503 24 0
                                    

အင်ပါယာ၏ အခမ်းနားဆုံးနှင့်ဗိသုကာလက်ရာအ​မြောက်ဆုံးအ​ဆောက်အဦး၌ ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲသို့ အင်ပါယာ၏ထိပ်တန်းအရာရှိများ၊ သု​တေသနပညာရှင်များ၊ စီးပွား​ရေးထိပ်တန်း​ခေါင်း​ဆောင်အများအပြား တက်​ရောက်ကြသည်။

အင်ပါယာတစ်ခုလုံး၏​အောင်ပွဲဖြစ်သည့်အ​လျောက် ​အင်ပါယာ၏သူရဲ​ကောင်းများ၊ အ​ကျော်အ​မော်များနှင့် ဂုဏ်ပြုပွဲတက်ချင်သည့် ပြည်သူပြည်သားများအတွက်လည်း ကိုယ်ပိုင်ကွန်ရက်များမှ တိုက်ရိုက်ကြည့်ရှုနိုင်​စေရန် အချိန်နှင့်တ​ပြေးညီ ထုတ်လွှင့်ပြသလျက်ရှိ​လေသည်။

ပွဲစီစဉ်သူမာရှယ်ကြီးမှာ ​နောက်ကွယ်မှပံ့ပိုးသူများဖြစ်သည့် ​ငွေရှင်​ကြေးရှင်များ၊ စစ်လက်နက်ပစ္စည်းများထုတ်လုပ်​ပေးသည့် နည်းပညာရှင်များ၊ အင်ပါယာ၏ဂုဏ်သတင်း​မွှေးသည့်ပုဂ္ဂိုလ်များပါမကျန် ပြုံးရွှင်တက်ကြွစွာ ဧည့်ခံလျက်ရှိသည်။ ထိပ်တန်းဆိုသည့်​နေရာမှလူများအား တစ်စုတစ်​​ဝေးတည်း ​​တွေ့ရသည်မှာ ကြုံ​တောင့်ကြုံခဲဖြစ်လှ၏။

ကာကွယ်အုပ်ချုပ်​ရေး၊ နည်းပညာ၊ အတတ်ပညာရှင်၊ အသိပညာရှင်၊ အနုပညာရှင်များ၊ ထိပ်တန်းစီးပွား​ရေးသမားများ တက်​ရောက်သည့်ပွဲဖြစ်​လေရာ မည်သည့်​နေရာသို့ပင် ကြည့်ကြည့် အထက်တန်းကျသည့်ခံစားချက်များ၊ ခမ်းနားသည့်အပြင်အဆင်၊ ခန့်ညား​ချော​မောတည်ငြိမ်သည့် ရုပ်ရည်ရူပကာများကိုသာ စိတ်နှလုံး​အေးချမ်းစွာ မြင်​တွေ့ရလျက်ရှိသည်။

ယ​နေ့အထူးအစီအစဉ်အဖြစ် အင်ပါယာ၏ ပြည်သူအများအား ဂုဏ်ပြုညစာစားပွဲနှင့်တစ်သားတည်းရှိ​နေသည်ဟု ခံစားရရန် အလို့ငှာ စား​သောက်ဆိုင်များမှ အခွန်အခကင်းလွတ်ခွင့်နှင့် ပိုင်ရှင်များအား 50 ရာခိုင်နှုန်းတိတိ ​ဈေး​လျှော့​ပေး​ရေး အစီအစဉ်လည်းပြုလုပ်ထားရာ မိသားစုအားလုံးလိုပင် ကိုယ့်အိမ်၊ ကိုယ့်ရာ၌ ​အေးငြိမ်းချမ်းသာစွာရှိ​စေကာ ကိုယ်ပိုင်ကွန်ရက်များဖြင့် ဂုဏ်ပြုညစာစားပွဲအား တိုက်ရိုက်လိုက်ဖ် ကြည့်လျက်ရှိကြသည်။

အင်ပါယာ၏ ထိပ်သီးထူးချွန်အနုပညာရှင်နှစ်ဦးဖြစ်သည့် ရစ်ချက်နှင့် ​မေဘယ်အတွဲ၏ စင်မြင့်ထက်​ဖျော်​ဖြေမှုမှာလည်း ပြည်သူအများအား စိတ်ချမ်းသာ​စေလျက်ရှိ၏။

We Got MarriedWhere stories live. Discover now