WGM_ 4(Z)

657 35 0
                                    

သိပ်သည်းမြင့်မားသည့်အကာအရံအား ​ကော်နယ်အဖိုးနှင့်အ​ဖေ၏ စိတ်စွမ်းအင်ဖြင့် ဖြိုချ​နေ​သော်ငြား အနည်းငယ်​သော်မှ ယိမ်းယိုင်ပြိုလဲသွားခြင်းမရှိပါ။ ဤ​နေရာမှာ ချန်း​ယောလ် အက်ဒဝပ်၏ စိတ်စွမ်းအင်​လေ့ကျင့်ရာသီးသန့်စံအိမ်ဖြစ်​လေသည်။ ​ကော်နယ်တို့၌ သီးခြားစွမ်းအင်ထိန်းသိမ်း​လေ့ကျင့်ရာစံအိမ်ကိုယ်စီရှိကြကာ တည်​နေရာအား ​ကော်နယ်မိသားစုဝင်များမှလွဲ၍ မည်သူမှမသိကြ။

ယခု​သော် ချန်း​ယောလ်အက်ဒဝပ်၏ စံအိမ်သည် ​ကော်နယ်အဖိုးနှင့်အ​ဖေကိုယ်တိုင် ပြင်ဆင်​ပေးစဉ်ကထက် များစွာကွာခြား​ပြောင်းလဲ​နေ​လေသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် ​ကော်နယ်တို့၏မျိုးဆက် ချန်း​ယောလ် အက်ဒဝပ်၏ စွမ်းအားမှာ အင်ပါယာကြီး၏ စွမ်းအားကိုပင် ​ကျော်လွန်​နေ​လေပြီလား။

စံအိမ်၏အရံအတားအား ​ဖောက်ထွက်ရန်ကြိုးစားသည့် ​ကော်နယ်အဖိုးနဲ့အ​ဖေမှာ ဝါရင့်၊ သမ္ဘာရင့်စွမ်းအားရှင်များဖြစ်​သော်ငြား ​မြေးဖြစ်၊ သားဖြစ်​သော ချန်း​ယောလ်၏ ကာကွယ်ထားမှုအား တိုးလို့ပင်မ​ပေါက်။ အကာကွယ်ထဲ၌ မြက်ခင်းစိမ်းနှင့်မိုးစက်ရနံ့များ ထူထဲသိပ်သည်းစွာ ပျံ့လွင့်​နေ​လေသည်။ မှိုင်းညှို့​နေသည့် ​ကောင်းကင်ပြင်လွှာထု​အောက်၌ မိုးစက်နှင့်မြက်ခင်း၏လိုက်ဖက်ညီလှသည့် ဖယ်ရိုမုန်းရနံ့များ ​ပေါင်းစည်း​​နေကြသည်အား သည်အတိုင်းသာ ကြည့်​နေခဲ့ရ၏။

ဂျန်နရယ် ချန်း​ယောလ် အက်ဒဝပ်၏ အိပ်ခန်းထဲတွင်​တော့ ဘတ်ဟျွန်း ​နေဆန်လ် ​ရေးလ်တစ်​ယောက် ​ခေါင်းအုံးအစွန်းများကို လက်နှစ်ဖက်လုံးနှင့် ဖျစ်ညှစ်ဆုပ်ကိုင်ထားရ​လေသည်။

"ဟ! အွန်းမ်"

ဆောင့်​ချက်များ အားပြင်းလှကာ တစ်ချက်​ဆောင့်သွင်းလာတိုင်း ဘတ်ဟျွန်း​နေဆန်လ်တစ်ကိုယ်လုံး လှုပ်ယိမ်းသွားရ၏။ သာယာမှုလှိုင်းများ ခန္ဓာကိုယ်တစ်​လျှောက်ပျံ့နှံ​နေကာ သူ့အ​ပေါ်၌ အားကြိုးမာန်တက်လှုပ်ရှား​နေသည့် ဂျန်နရယ် ချန်း​ယောလ်၏ မျက်နှာ​ချော​ချော၌လည်း ရီ​ဝေယစ်မူး​နေမိ၏။

We Got MarriedWhere stories live. Discover now