WGM_2

2.1K 480 47
                                    

မာရှယ်ကြီးတို့အတွဲကပင် စုံတွဲအကဖြင့် ညဦးပိုင်းပါတီအား ဖွင့်လှစ်လိုက်​လေသည်။ ထို့​နောက်တွင်​တော့ စုံတွဲတစ်တွဲပြီးတစ်တွဲ ၎င်းတို့၏မိတ်ဖက်များဖြင့် dancing area ထဲဝင်ကြ၏။ မမထံသို့ လက်ကမ်းလာသည့်အယ်လ်ဖာအမျိုးသမီးမှာ ​ငွေမှင်​ရောင်ဆံနွယ်ရှည်များကို တစ်ခြမ်းထဲငါးရိုးကျစ်ဆံမြီးထုံးထား၏။ ထိုအယ်လ်ဖာအမျိုးသမီးမှာ အိုင်းဖို့ဒ်တက္ကသိုလ် နည်းပညာတက္ကသိုလ်၏လက်​ထောက်ကထိကဖြစ်ကာ အိုင်းရစ်ရှ်မိသားစု၏ အကြီးဆုံးသမီးပင်ဖြစ်​လေသည်။

အိုင်းရစ်ရှ်တို့၏ ရုပ်ရည်မှာအ​နောက်တိုင်းဆန်လှကာ မြင့်မားသည့်အရပ်နှင့်ခန့်ညား​ချော​မောမှု​ကြောင့် အမျိုးသားဖြစ်​စေ၊ အမျိုးသမီးဖြစ်​စေ ထင်​ပေါ်​ကျော်ကြားကြ​လေသည်။ သို့ဖြစ်ရာ ​ရေးလ်၏အိုမီဂါသမီးကြီးထံ အိုင်းရစ်ရှ်၏ အယ်လ်ဖာသမီးကြီးမှ လက်ကမ်းလာသည့်အခိုက် ဧည့်ခံပွဲ၏အာရုံစိုက်မှုမှာ ထိုအတွဲ​ပေါ် လုံးလုံးလျားလျားကျ​ရောက်သွား၏။

မမမှာ ပါးနှစ်ဖက်ရဲတက်လာကာ ​ခြေမလှမ်းရဲရှာ။ လက်​နှစ်ဖက်ကိုအပြန်လှန်ဆုပ်ကိုင်ထားလျက် ​မေ​မေနဲ့ဘတ်ဟျွန်းဘက်သို့ငဲ့​စောင်းကြည့်၏။

"ဟိုမှာ ​စောင့်​နေတယ် သွား​လေ"

မမပခုံးတစ်ဖက်ကို ​မေ​မေက ကြင်နာစွာသိုင်းဖက်ရင်း အား​ပေး၏။

"အန်ဒရီယာ ​ဒေစီ အိုင်းရစ်ရှ်ပါ"

"ဟုတ် ယွန်နာ ​နေဆန်လ် ​ရေးလ်ပါ"

အိုင်းရစ်ရှ်ထံကမ်းလင့်လိုက်သည့် မမလက်က​လေး တုန်ချင်​နေတာကို ဘတ်ဟျွန်း သတိထားမိသည်။ သူတို့​မောင်နှမမှာ မည်သည့်အယ်လ်ဖာနှင့်မှ ထိ​တွေ့ဆက်ဆံဖူးခြင်းမရှိသလို လူကြားထဲ အခုလို လက်တွဲထွက်ဖို့ဆိုသည်မှာ စိတ်​တောင်မကူးထားသည့်အးာများဖြစ်ကြသည်။

ဤဂလက်စီ အင်ပါယာ၌ အသက် ၁၂နှစ်ပြည့်လျှင် အယ်လ်ဖာမိသားစုများမှ အိုမီဂါမိသားစုများထံ​စေ့စပ်​ကြောင်းလမ်းကြကာ အသက် ၂၀ပြည့်လျှင် လက်ထပ်ကြသည်မှာ အ​လေ့အထဖြစ်သည်။ အသက်ငယ်ရွယ်စဥ် ​စေ့စပ်​ကြောင်းလမ်းသည်ဆိုခြင်းမှာ လူပျို​ဖော်၊ အပျို​ဖော်ဝင်ချိန်၌ ခံစားရသည့် စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုများအတွက် ကိုယ့်တွဲဖက်ပါတနာ၏ဖယ်ရိုမုန်းဖြင့် နှစ်သိမ့်ရန်ဖြစ်​လေသည်။ သို့ဖြစ်ရာ ​စေ့စပ်​ကြောင်းလမ်းပြီးတွဲဖက်ထားကြရာ ဖယ်ရိုမုန်းငြိမ်သက်တည်ငြိမ်ခြင်းနှင့်၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်​ရေး၌ များစွာအ​ထောက်အကူဖြစ်​သော​ကြောင့် ဤစနစ်ကိုကျင့်သုံးလာခဲ့ကြသည်မှာ ဘတ်ဟျွန်းတို့တစ်သက်ပင်ရှိ​လေပြီ။

We Got MarriedWhere stories live. Discover now