စံအိမ်အားလွှမ်းခြုံထားသည့်စွမ်းအားမှာ လျော့ကျမသွားသော်ငြား ထူထဲသည့် မြက်ခင်းနှင့်မိုးစက်၏ဖယ်ရိုမုန်းရနံ့တို့ ပါးလျပျောက်ကွယ်လာ၏။ ဤနှစ်ပတ်အတွင်း စံအိမ်အား လုံခြုံရေးတင်းကြပ်ထားကာ ဖယ်ရိုမုန်းကြီးကြပ်ရေးအရာရှိမှ သတင်းပေးသည်နှင့် ကော်နယ်မိသားစု အဖိုး၊ အဖေ၊ အမေအပြင် ရေးလ်၏အမေနှင့်အစ်မကိုပါ လာရောက်ရန် အကြောင်းကြားထားခြင်းကြောင့် စံအိမ်ပြင်ပ၌ မိသားစုနှစ်စု၏လူစုံရှိနေကြသည်။
စံအိမ်မှ ဦးစွာထွက်လာသူမှာ ချန်းယောလ် အက်ဒဝပ် ဖြစ်လေသည်။ ထိုသူမှာ အနက်ရောင် သိုးမွှေး bathrobe ကိုဝတ်ဆင်ထားကာ rut ကာလအပြီး အယ်လ်ဖာ၏ ကျေနပ်သာယာခဲ့သည့်စိတ်ခံစားချက်များကြောင့် ပိုမိုခန့်ညားထည်ဝါနေ၏။ ရေချိုးပြီးကာစ လန်းဆန်းနေပုံရကာ ရေစိုတစ်ဝက်ခြောက်တစ်ဝက်ဆံပင်များအား ဖြစ်သလို သပ်တင်ထားလေသည်။ ခိုင်ကျည်သည့်မေးရိုးများထင်ရှားနေကာ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းတို့မှာ ပြတ်သားဟန်ရှိလှပြီး ဝင့်ချီနေသည့်မျက်ခုံးတန်းများမော်ကြွားနေလျက် မျက်လုံးစိမ်းများမှာ ယခုအခါ၌ အနက်ရောင်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်လေသည်။
စိုးရိမ်ပူပန်စိတ်များပြည့်လျှံနေကြရသည့် မိသားစုဝင်များအား ဂျန်နရယ်၏ တည်ငြိမ်ထည်ဝါသောသွင်ပြင်၌ စိတ်လက်အေးချမ်းငြိမ်သက်သွားရလေသည်။ ထိုသူမှ အရယ်အပြုံးမရှိသော်ငြား မိသားစုဝင်အားလုံးအား စံအိမ်ထဲ ဝင်စေ၏။
"ဘတ်ဟျွန်းလေးရော သား"
မစ္စကော်နယ်မှာ စိုးရိမ်ပူပန်နေသည့်ရေးလ်တို့သားအမိကိုယ်စားပင် ချန်းယောလ်ထံမေးရသည်။ ဘတ်ဟျွန်းပျောက်နေသည့် ဤနှစ်ပတ်အတွင်း စိတ်သောကကြီးစွာဖြစ်ရသည့် ရေးလ်သားအမိ၏မျက်နှာမှာ သိသိသာသာပင် ညိုးရော်နွမ်းလျနေလေသည်။
ချန်းယောလ် ထိုသားအမိထံကြည့်လိုက်ကာ ခေါင်းညိတ်အသိအမှတ်ပြုလျက် တည်ငြိမ်စွာပင်...
"သူ အိပ်နေတုန်းပဲ"
ဂျန်နရယ်မှာ သားနဲ့မိသားစုကို အတွေ့မခံစေချင်သလား မစ္စရေးလ်မသိတော့ပါ။ သို့သော် အရဲစွန့်ကာဖြင့်...