Chapter 2

181 39 38
                                    

သူ့ဖက်တွယ်မှုကြား၌ ငြိမ်ငြိမ်လေးရှိနေခဲ့ရာမှ လုံးဝ ငြိမ်ကျသွားသော ဆရာဝန်ကောင်လေးကို သင်္ခ သူ့ကိုယ်ပေါ်မှ တွန်းဖယ်ပစ်လိုက်သည်။

သူ့လက်တွေက အားသိပ်မရှိသေးတာကြောင့် သူ ဒီဆရာဝန်ကို တစ်ခါထဲ သေအောင် မလုပ်နိုင်ဖြစ်သွားကာ မေ့မြောသွားအောင်သာ လုပ်နိုင်လိုက်သည်။

သူ့မျက်လုံးတွေက ပြာမနေတော့ဘဲ ဖြည်းဖြည်းချင်း မီးရောင်ပျပျကို မြင်ရလာသည်။

"သင်္ခ မင်း အဆင်ပြေလား"

ခန့်ဝေပိုင် သင်္ခအား မ,ထူလိုက်၏။

သင်္ခ၏ အမြင်များက တဖြည်းဖြည်း ရှင်းလင်းလာချိန်၌ သူ့ကို ကုပေးခဲ့သည့် ဆရာဝန်ကောင်လေးကို မြင်လိုက်ရသည်။ ထိုတစ်ယောက်၏ နာမည်အပြည့်အစုံကို သူ သေချာမမှတ်မိ။ သော်တစ်လုံးသာ ခပ်ရေးရေး မှတ်မိလိုက်တာမို့ သော်ဟု မှတ်ထားခဲ့လိုက်၏။ အခု သော်၏ မျက်နှာကို မြင်ရသွားချိန်၌ သူ အနည်းငယ် မှင်သက်သွားမိသည်။

သူ မြင်လိုက်ရသည့် သော်က တော်တော်လေးငယ်ပုံရပြီး တော်တော်လေး ချောသည်။ သော့်မျက်နှာ၏ ဘယ်ဖက်ခြမ်း၌ မျက်ရည်ခံမှဲ့ရှိသည်။

"ငါ အပြီးရှင်းလိုက်တော့မယ်"

ခန့်ဝေ သူ့လက်ထဲက သေနတ်ကို ထုတ်လိုက်ပြီး ဆရာဝန်ကောင်လေး၏ နားထင်ကို တေ့လိုက်ချိန်၌ သင်္ခ သူ့အား လှမ်းတားလာသည်။

"ထားလိုက်တော့၊ သူက ငါ့ကို ကယ်ပေးခဲ့တဲ့ သူပဲမို့ လွှတ်ပေးထားလိုက်တော့၊ သူနဲ့ နောက်ထပ်ဆုံစရာလည်း မရှိဘူး၊ ဒီက အမြန်ပြန်ထွက်ရအောင်၊ သူ့အိမ်သားတွေ မလာခင်"

ခန့်ဝေ ခေါင်းရမ်းလိုက်၏။ ဂိုဏ်းစည်းမျဉ်းကို ဂိုဏ်းချုပ်နောက်ကွယ်မှာပင် သူတို့ ဖောက်ဖျက်ဖူးခဲ့ခြင်းမရှိကြပေ။

"မင်း ဒဏ်ရာရပြီး နှလုံးပါ နုသွားတာလား၊ ငါ ရှင်းလိုက်မယ်၊ ဖယ်"

"ငါ့အမိန့်ကို မင်း အာခံရဲတာလား"

ခန့်ဝေ တောက်တစ်ချက် ခေါက်လိုက်ပြီး ဝုန်းခနဲ ထရပ်လိုက်သည်။ သင်္ခကို သူ ကျော်လုပ်လို့မရသည့် အရာတွေရှိသည်။

Sad EndingWhere stories live. Discover now