Chapter 1

410 55 78
                                    

ဒေါက်တာ လွန်းမြတ်စေသော်
အထွေထွေရောဂါ အထူးကုဆေးခန်း

လူနည်းစုသာ နေထိုင်လျက်ရှိသည့် ရွာငယ်လေး၏ ဆင်ခြေဖုံးရပ်ကွက်၌ လူခြေတိတ်ချိန်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ဒေါက်တာ လွန်းမြတ်စေသော်၏ ဆေးခန်းတံခါးပိတ်ချိန်လည်း ရောက်ပြီဖြစ်သောကြောင့် လွန်းမြတ်စေသော် သူ့ဂျူတီကုတ်ကို ချွတ်လိုက်၏။ နားကြပ်နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာတွေကိုလည်း ခုံပေါ်၌ သေချာပြန်စီထားလိုက်သည်။

‌ခပ်ကျဉ်းကျဉ်း ဆေးခန်းလေးထဲ၌ သူနှင့်အတူ အကူအဖြစ် လုပ်ကိုင်ပေးလျက်ရှိသည့် ကောင်ငယ်လေးတို့သာ ကျန်တော့သည်။

ဆေးခန်းဆိုင်းဘုတ်ကို ဆေးခန်းအတွင်းသို့ ထည့်သိမ်းနေသည့် ကောင်ငယ်လေးက သူ ရှိရာသို့ ခပ်သွက်သွက် လျှောက်လာရင်း သူ့လက်ထဲက ဆေးအိတ်ကို လှမ်းယူဖို့ ကြိုးစားကာ ခပ်ပြုံးပြုံးဆိုလာသည်။

"ဆေးအိတ်ပေးလေ ဒေါက်တာ၊ ကျွန်တော် တံခါးပိတ်ပြီးရင် ဒေါက်တာ့ကို အိမ်ပြန်လိုက်ပို့ပေးမယ်"

ခပ်သွက်သွက် ပြောလာသည့် ကောင်ငယ်လေးကို လွန်းမြတ်စေသော် လက်ရမ်းပြလိုက်၏။

"ရတယ်၊ အစ်ကို ဒီည တစ်ယောက်ထဲပဲ ပြန်လိုက်တော့မယ်။ ဒီညနေ လူနာများထားတာကို ကူထားရတာ မင်းလဲ ပင်ပန်းနေမှာပဲ၊ ဆေးခန်းတံခါးပိတ်ပြီးရင် အိမ်တန်းပြန်နားတော့"

"အစ်ကိုတစ်ယောက်ထဲ ပြန်ရဲလို့လား"

ကောင်ငယ်လေးက လွန်းမြတ်စေသော်အား စပ်ဖြီးဖြီးဖြင့် မေးလိုက်သည်။ လူနာတွေလည်း မရှိတော့ပြီမို့ ဒေါက်တာဆိုသည့် အသုံးအနှုန်းအစား အစ်ကိုဟုလည်း ပြောင်းခေါ်လိုက်သည်။

"ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ လျှာတန်းလန်းနဲ့ သရဲမတစ်ယောက် သစ်ပင်ပေါ်မှာ ဇောက်ထိုးကြီး ‌နေနေတယ်လို့ ခုန လူနာအန်တီနဲ့ ပါလာတဲ့ ကလေးတွေ ပြောနေတာ အစ်ကို ကြားတယ်မလား"

"ဟက်၊ မင်း ငါ့ကို သရဲကြောက်တတ်တယ် ထင်နေတာလား၊ ခွေးပဲ ကြောက်တာ၊ သရဲ မကြောက်ဘူး၊ လာခြောက်မနေနဲ့၊ ပြန်နားတော့"

Sad EndingWhere stories live. Discover now