Chapter 6

118 22 24
                                    

မမလေး မုန်းမရ နေထိုင်ရာ သီးသန့်စံအိမ်ကြီး၏ အပေါ်ထပ်သို့ သင်္ခသူရ ဖြည်းညှင်းစွာ တက်လာသည်။ သူ ဒီအိမ်မှာ ငယ်ငယ်လေးကတည်းက ကြီးပြင်းလာခဲ့ရသော်လည်း သူ ဒီအိမ်ပေါ်ကို တက်ရတိုင်း စိတ်လေးရ၏။

မိဘမဲ့အဖြစ် သခင်ကြီးလက်ထဲမှာ ကြီးပြင်းခဲ့ရသော သူ့အား မာနကြီးသည့် မမလေး မုန်းမရက ငယ်ငယ်ကတည်းက မတူသလို မတန်သလိုသာ ဆက်ဆံခဲ့သည်။ သခင်ငယ်လေး ‌မွေးလာမှသာ သခင်ငယ်လေးက သူ့ကို အစ်ကို တစ်ယောက်အဖြစ် ရိုရိုသေသေဆက်ဆံခြင်း မရှိစေကာမူ သူ့ကို‌တော့ အလေးပေးဆက်ဆံတတ်ပြီး သူ့အပေါ်လည်း တွယ်တွယ်တာတာရှိခဲ့သည်။ တစ်အိမ်လုံး ထိန်းမရသည့် သခင်လေးက သူ့စကားဆယ်ခွန်းမှာ သုံးခွန်းလောက်တော့ နားထောင်တတ်သူဖြစ်သည်။ ထို့ကြောင့်လည်း သခင်ကြီးက သူ့အား တဖြည်းဖြည်းနှင့် နေရာပေးလာရုံမကဘဲ သားတစ်ယောက်လိုပါ အားကိုးလာခဲ့ခြင်းပင် ဖြစ်ပါသည်။

မုန်းမရ လှောင်အိမ်ထဲရှိ သူ့ကျားလေးကို နေ့လယ်စာ ကျွေးလျက်ရှိနေစဉ် တံခါးခေါက်သံကြားလိုက်ရ၍ သူ့ဘေးက အိမ်စေမလေးထံသို့ အစာခွက်ကို ပေးလိုက်ပြီး ဆက်ကျွေးဖို့ ပြောလိုက်၏။

သူ တံခါးဖွင့်လိုက်ချိန်၌ သင်္ခကို တွေ့လိုက်ရ၍ သူ့အိပ်ခန်းဖက်သို့ အရင်ထွက်လျှောက်သွား၏။ သင်္ခ သူ့နောက်မှ လိုက်လာချိန်၌ မုန်းမရ သူ့အပေါ်ထပ် ဝတ်ရုံရှည်ကို ခပ်တင်းတင်းစေ့လိုက်ပြီး စိတ်ပျက်စွာဆိုလိုက်၏။

"တစ်နေ့တစ်နေ့ ကျက်သရေမရှိတဲ့ဟိုကောင်လေးနားပဲ ကပ်မနေနဲ့၊ ငါ မနက်က ခေါင်းတွေမူးပြီး စားသမျှ အကုန်အန်တယ်၊ ငါ နင့်ကို ခေါ်ခိုင်းတော့ နင် အပြင်သွားနေတယ်တဲ့၊ အဲ့ကောင်လေးရဲ့အလုပ်တွေနဲ့ပဲ အချိန်ကုန်မနေစမ်းပါနဲ့"

"သူက မင်းရဲ့မောင်လေးအရင်းလေ၊ ဘာလို့ ကလေးကို အဲ့လောက်မုန်းနေရတာလဲ၊ မင်း ကလေးလဲ မဟုတ်တော့ဘူး၊ မကြာခင် ကလေးအမေတောင် ဖြစ်တော့မှာကို"

"တောက်၊ နင် ငါ့ကို ပြန်ခံပြောမနေနဲ့၊ အစေခံသာသာ အဆင့်ကများ၊ ငါနဲ့ လက်ထပ်လိုက်တာနဲ့ နင့်အဆင့်က အစေခံကနေ သခင်ဖြစ်သွားရင်တောင် နင့်ဇာစ်မြစ်ကတော့ အစေခံမှန်း လူတိုင်းသိတယ်၊ ငါ့မျက်စိရှေ့က ထွက်သွားတော့၊ နင့်လိုကောင်က ငါ့ကလေးရဲ့အဖေဖြစ်လာမှာ ရွံတယ်"

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

Sad EndingWhere stories live. Discover now