ဘာလိုလိုနဲ့ gemini တို့တောင်လက်ထပ်ပြီး အရာရာအဆင်ပြေနေခဲ့ပြီပဲ gemကလက်ထပ်ပြီးစီးပွားရေးအလွန်ကောင်းနေတော့သူ့ချစ်ယောင်္ကျားအတွက် Londonသွားပြီးcompanyတစ်ခုတည်ထောင်နိုင်တဲ့အထိကြီး"တက်ချမ်းသာနေခဲ့နေပြီဖြစ်သည်။
Gem ကfourthလေးကိုတောင်အချိန်မပေးနိုင်တော့ပဲဖုန်းနဲ့သာအလွမ်းသည်နေရတော့သည်။
ထိုအချိန်မြည်လာတဲ့ဖုန်းမြည်သံ....
"အသက်ရေ လွမ်းလွန်းလို့သေတော့မယ်ဗျာလာတွေ့ရင်ကောင်းမလားမသိဘူး"
"ကိုကိုရယ် အဲ့မှာသာကောင်းကောင်းနေပါ အသက်ဒီမှာအဆင်ပြေပါတယ်"
Fourth မသိလိုက်တာက gemရုပ်လေးပျက်ပြီးညိုးသွားတယ်ဆိုတာပါပဲ။နှစ်ယောက်သားချစ်ကြည်နူးနေပြီးgemက meeting ရှိလို့ဆိုပြီးဖုန်းချသွားခဲ့သည်။
တကယ်တော့gemကနောက်တစ်ပတ်နေရင်ပြန်လာတော့မှာဖြစ်သည်။fourthကလဲgemမသိသေးတဲ့ လျှို့ဝှက်ချက်ကိုမပြောရသေးပဲနှစ်ယောက်သားကလျှို့ဝှက်ချက်ကိုယ်စီနဲ့သာရှိနေသည်။
........
"အချစ်ရေ"
"ဗျာ"
"ဟိုသတင်းကြားပြီးပြီလား"
Promကကြောင်အသွားပြီးမသိသလိုဟန်နဲ့ခေါင်းခါပြလိုက်သည်။
"မသိသေးရင်လဲနောက်မှပြောတော့မယ်ဗျာ"
"ဟုတ်P'aun"
"လာပါဦးချစ်လို့နမ်းချင်တယ်"
"လိုက်ထားရတဲ့သူကကျွန်တော်ပါနော်ဟွန့်"
"မွ ချစ်စရာလေးပါးမို့မို့လေးကိုနင့်ဝင်အောင်နမ်းချင်တာ"
Promနဲ့Aunတို့လဲအဆင်ပြေပြီးပန်းခြံထဲမှာချစ်စရာအကောင်းဆုံးဆုံတွဲလို့ပဲပြောရတော့မည်ဖြစ်သည်။Aunကpromကိုအခုဆိုရင်သဲသဲလှုပ်ချစ်နေပြီးအသဲယားလွန်းလို့မနမ်းပဲမနေနိုင်တဲ့နေ့ဆိုအိမ်ပါခေါ်သွားလေ့ရှိသည်။
........
ဟူးးးလွမ်းလိုက်တာကိုကိုရယ် သွားတာဖြင့်လနဲ့ချီနေပြီ ဒီကအသက်လေးလွမ်းနေပြီလို့ပြန်လဲမလာဘူးပါးပါးသားသားလေးလဲတွေ့ချင်ရောပေါ့..