ရှောင်ထန်ရှန်းထက် နက္ခတ်ကြည့်မျှော်စင် မရှိ - ၃
ဟိုင်မြို့သို့ ပြန်လာသောအခါ ရှန်ကျုံးနျဲန်မှာ အမွေဆက်ခံသူအနေနှင့် ကြမ်းတမ်းခက်ခဲသော ထရိန်နင်ကာလသို့ အမြန်ဝင်သွားရသည်။ဤသည်မှာ ရှန်ကျုံးနျဲန် အရွယ်မရောက်ခင် ဆက်ခံစရာရှိသော အမွေများကို ဆက်ခံရယူဖို့နှင့် ရာထူးအာဏာအား မည်သို့စီမံသုံးစွဲရမည်နည်းတို့အား ထန်အိမ်မှ ညွှန်ကြားလေ့ကျင့်ပေးမည်ဖြစ်ေကြာင်း သိသာထင်ရှားလှသည့် အချက်ပင်။
ထိုနောက်ပိုင်း ရှန်ကျုံးနျဲန် အလွန်အလုပ်ရှုပ်နေရာ ကြယ်များအား ထပ်ပြီး သွားမကြည့်နိုင်တော့ပါ။ ထန်ယို့မင်လည်း တစ်နှစ်နှင့် ခုနစ်လကြာ သင်ယူခဲ့သော ဂျာမန်စကားများအားလုံး မေ့လျော့သွားခဲ့ပြီ ဖြစ်၏။
အတန်းဖော်တစ်သိုက်မှာမူ ယခုထက်ထိ အဆက်အသွယ်မပြတ်ကြ။ ထန်ယို့မင်မှာ မျက်နှာထက် အပြုံးတပ်ဆင်ထားကာ (အတန်းဖော်ဟောင်း)ဒါရိုက်တာနှင့် စကားပြောခဲ့သည်။ ထို့ေနာက် ကွမ်ခယ်ကျီးထံမှ ဖုန်းဝင်လာ၏။
ထန်ယို့မင် ပြုံးကာ ပြန်ဖြေလိုက်သည်။"သူ ကားမောင်းနေတယ်"
"အလေလိုက်နေတာ ဘယ်သူလဲမေး"
"နက်ဖြန် အိမ်ပြန်မှာလေ"
ကွမ်းခယ်ကျီးက သူ့အတွက်ရော ရှန်ကျုံးနျဲန်အတွက်ပါ ရိုးရာဟင်းချိုနှင့် ဆေးဖက်ဝင်လက်ဖက်ရည် တိုက်ကျွေးချင်သဖြင့် ပြင်ေပးထားကြောင်း ပြောပြလာသည်။ ထန်ယို့မင်ဘက်မှ အမြန် ပြန်တုံ့ပြန်လာ၏။
"တအားေဖာ်ေရွနေတာ၊ သခင်မကြီးကွမ်းတို့က။ ဒီရက်ပိုင်း မာကျောက်ကစားရလို့ တအားပင်ပန်းနေတာလားလို့လေ။ ဒေါ်ကြီးလန်ကိုပဲ ဒီကိစ္စတွေ ကြည့်လုပ်ခိုင်းလိုက်ပါ"
ထိုစကားကို ကွမ်းခယ်ကျီး ကြားသော် ပြုံးရွှင်စွာပင် တစ်ချက် ဆူလိုက်၏။ ထန်ယို့မင်သည်လည်း ရယ်မောနေခဲ့၏။
သူငယ်ချင်း၏မိခင် ရုတ်တရက် ဆုံးပါးကွယ်လွန်သွားသည့် သတင်းကြောင့်ထင်၊ ထန်ယို့မင် စိတ်မကောင်းဖြစ်နေကာ ကွမ်းခယ်ကျီးနှင့် အတန်ကြာ စကပြောပြီးခါမှ ဖုန်းချဖြစ်၏။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Romance"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"