အပိုင်း(၃)

367 37 4
                                    

" အန်တီတို့ရွာလေးကအေးချမ်းလိုက်တာနော် "

မောင်တစ်‌ယောက်ဒီနေ့အန်တီနှင့်အပြင်သွားရမည်ဖြစ်သောကြောင့်မိုးလင်းထဲကမြောက်ကြွမြောက်ကြွဖြစ်လေသည်။ပထမဦးစွာရောက်လာသည်ကရွာ၌ရှိသောဘုရားသို့ပင်။မောင့်ဘေးတွင်ရေသပ္ပာယ်ကာဘုရားရှိခိုးနေပုံလေးအားမောင်တစ်ယောက်ဓာတ်ပုံအရရိုက်ထားလိုက်သည်။ထို့နောက်ထိုပုံ‌ေလးအားwallpaperတင်ထားလိုက်လေသည်။ဘုရားရှိခိုးပြီးနောက်ဘုရားပေါ်တွင်လမ်းလျှောက်ရင်း......

" အန်တီ မောင်တို့ဓာတ်ပုံရိုက်ရအောင် "

" အင်းရိုက်လေမောင်ရဲ့ "

ဖုန်းကိုထုတ်ကာချိန်ထားရင်းရိုက်ပြီနော်ဟုဆိုကာအန်တီ့ခါးလေးအားလှမ်းဖက်လိုက်လေသည်။ပုံထဲတွင်တော့မောင်ခါးလှမ်းဖက်လိုက်၍မောင့်ရင်ခွင်ထဲသို့ရောက်နေသောပုံလေးပင်။မောင်ကျေနပ်စွာပြုံး၍သိမ်းထားလိုက်သည်။အန်တီ့အားစပ်ဖြဲဖြဲဖြင့်ကြည့်၍

" ဟဲဟဲ လှတယ် "

" ကဲဟယ် လူကိုအသားယူချင်ဦး "

ဟုဆိုကာအခေါက်ခံလိုက်ရသည်။

" အ့ နာလိုက်တာ "

မောင်တစ်ယောက်ခေါင်းကိုပွတ်ကာဖြင့်

" အန်တီ့လက်သံကလည်းပြောင်လိုက်တာဗျာ အီထွက်သွားတာပဲ "

" မောင့်ကိုလှည့်ကြည့်ကာ မျက်စောင်းထိုး၍ထွက်သွားလေသည် "

အားးးအသဲယားလိုက်တာဗျာ။

ဘုရားမှအပြန်မောင်ဗိုက်ဆာသည်ဟုပြောသောကြောင့်လဲ့ရည်တို့မုန့်ဟင်းခါးဆိုင်ဝင်လာလိုက်သည်။

" အမနေကြာတို့ပါလား လာလာ ဒီမှာထိုင် "

" အမတို့ကိုမုန့်ဟင်းခါးနှစ်ပွဲချပေးပါနော် "

" အမတို့အိမ်ရောက်နေတဲ့မြို့သူဆိုတာသူလေးလား အမ "

" ဟုတ်တယ် လဲ့ရည် ဒီနေ့မှသူ့ကိုရွာထဲလိုက်ပြဖြစ်တာ "

" မြို့သူလို့မပြောရဘူး ချောလိုက်တာ "

နေကြာတောင်ဘာမှမပြောရသေးပေ။မောင့်အနားသို့သွားကာစကားဖောင်ဖွဲ့နေသော
လဲ့ရည်ကြောင့်မသိစိတ်ကအလိုမကျဖြစ်နေမိသည်။

မောင့်ရင်ခွင်ဝယ်Where stories live. Discover now