ဟိုတစ်လောကကိစနဲ့ပြသနာဖြစ်ပြီးထဲကမောင်နှင့်စကားသိပ်မပြောဖြစ်တော့ပေ။သူမကိုတမင်များရှောင်နေသလားတောင်ထင်ရသည်။မနက်ခင်းဆိုလည်းသူမထက်နောက်ကျပြီးမှထတတ်တဲ့သူက သူမနိုးလယလျှင်အိပ်ရာပေါ်တွင်မရှိတော့ပေ။ညဘက်ဆိုလည်းဘယ်အချိန်မှအခန်းထဲပြန်ဝင်လာသလဲမသိရ တစ်အိမ်ထဲနေ၍မျက်နှာချင်းပင်ဆိုင်ရန်ခက်ခဲနေပေသည်။
" ဘာတွေတွေးနေတာလဲသမီး "
" ဘာမှမဟုတ်ပါဘူးမေမေရယ် "
" မောင်ကလေးနဲ့ရန်ဖြစ်ထားကြတာလား၊သမီးကအကြီးပဲလေကွယ် ကလေးကိုခွင့်လွှတ်လိုက်ပါ "
" မေမေကလည်း သမီးကခွင့်လွှတ်ပါတယ် အခုဟာက မောင်က သမီးကိုရှောင်နေသလားလို့လေ "
" သူကရှောင်ရင်ညည်းကသွားချော့လေတော်၊ဘယ့်နှယ့်ကလေးကိုသက်သက်မဲ့ စိတ်ဆင်းရဲအောင်လို့ "
" မေမေကလည်း "
" မေမေကလည်းလုပ်မနေနဲ့သွားအခုသွားချော့ချေပြီးရင်ထမင်းစားဖို့ခေါ်ခဲ့ကလေးကို"
ထမင်းစားဖို့လိုက်ရှာနေတာ နောက်ဆုံးတော့တွေ့ပါပြီ။အိမ်ရှေ့ကခုံပေါ်မှာတစ်ယောက်ထဲဘာတွေငေးနေမှန်းမသိ။
" မောင် "
" ဗျာ အန်တီ "
" အန်တီ့ကိုစိတ်ဆိုးနေတုန်းပဲလား "
" အမ် မဆိုးပါဘူး "
" ဒါဖြင့်အန်တီ့ကိုဘာလို့ရှောင်နေတာလဲ "
" အန်တီ မောင့်ကိုစိတ်ဆိုးမပြေသေးဘူးထင်လို့ပါ "
" အန်တီကစိတ်ဆိုးတုန်းခနဆူလိုက်တာပါမောင်ရယ် "
" ဒါဆိုမောင့်ကိုစိတ်မဆိုးတော့ဘူးပေါ့နော် "
" မဆိုးတော့ပါဘူးရှင် "
" ဟီးး ဟုတ်ကဲ့ ၊ အန်တီ ဒီမှာလေမောင်စိုက်ထားတဲ့နှင်းဆီပန်းလေးပွင့်နေပြီအဲ့တာ
အန်တီ့ကိုမောင်ပန်ပေးလို့ရမလား "" အင်း ပန်ပေးလေ " ဟုဆိုကာမောင့်အနားသို့တိုးလာလေသည်။
အန်တီ့မျက်နှာအားအနီးကပ်မြင်ရသောကြောင့်မောင့်ရင်ခုန်သံများမှာလည်းဝုန်းဒိုင်းကြဲနေ၍အန်တီကြားသွားမည်ကိုပင်စိုးရိမ်မိသည်။ထို့ပြင်အန်တီ့ဆီမှရသောသနပ်ခါးနံ့ကြောင့်မောင်အသက်ရှူပင်မြန်လာတော့သည်။မောင်စိတ်မထိန်းနိုင်စွာဖြင့်ဒုတိယအကြိမ်ထိုအမှားကိုကျူးလွန်မိပြန်သည်။