" ဟင် မောင်တို့ဆုံဖူးတာလား "
" အဟင်း ကြာပါပြီကွယ်။စားပြီးပြီဆိုတော့လာလယ်ထဲသွားကြမယ် "
အချိန်လင့်လာတာနဲ့အမျှလယ်ထဲတွင်ကုန်းကုန်းကွကွဖြင့်နေကြာခိုင်းသမျှလုပ်နေသောမောင့်အားကြည့်ကာသနားလည်းသနားသလိုရယ်လည်းရယ်ချင်မိသည်။နေကြာ့ကိုပဲကြောက်လို့လား၊အိမ်ပဲမြန်မြန်ပြန်ချင်လို့လားမသိ၊မလုပ်တတ်လုပ်တတ်ဖြင့်လုပ်နေသည်မှာတစ်ကိုယ်လုံးမှာလည်းပေလူးနေပေသည်။
" အန်တီရေ အန်တီ ဒီမှာကြည့်မောင်အကုန်လုပ်ပြီးပြီ ဟီး "
" ကဲနားပါဦး ဒီလိုကျတော့လည်းမောင်ကလိမ်မာသားပဲ၊အဲ့တာကိုဘာလို့ဆိုးချင်နေရတာလဲ "
" မောင်ကအန်တီဆုံးမရင်လိမ်မာမယ့်သူပါနော် "
ထိုကေလးဧ။်ရှေ့မလွတ်နောက်မလွတ်စကားကြောင့်နေကြာ့ရင်ထဲဒုတ်ခနဲပင်။ရွာထဲကရှိသမျှကာလသားတွေလာပိုးတာတောင်မှမိမိနှလုံးသားသည်ဒီလိုတစ်ခါမှမဖြစ်ဖူးပေ။ထိုကလေးနဲ့တွေ့တိုင်းတဒုတ်ဒုတ်ဖြင့်ခုန်နေသောရင်ခုန်သံမှာထိန်းမရ။
" အပိုတွေပြောမနေနဲ့ မြို့ကိုပြန်ချင်လို့ပြောစကားနားထောင်နေတာမလား၊လက်တွေလည်းရှလို့၊အိမ်ပြန်ရောက်ရင်အန်တီဆေးထည့်ပေးမယ်၊ညနေကျရင်မောင့်ကိုရွာထဲလိုက်ပြမယ်လေ "
" ဟာဗျာ မဟုတ်ပါဘူး ဖြစ်နိုင်ရင်လေ မောင်ကအန်တီ့အနားတစ်သက်လုံးတောင်နေချင်သေးတယ် "
" အို ဒီကလေးနဲ့တော့ "
" ဟာအန်တီ မောင့်ကိုစောင့်ပါဦး အပျိုကြီးရှက်သွားတာလားဗျို့ "
နေ့လည်ထမင်းစားသောက်ပြီးတော့မောင်တစ်ယောက်အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ရင်းဆေးလိပ်သောက်ချင်လာ၍အိတ်ထဲတွင်အသင့်ပါလာသောဘူးအားဖောက်၍သောက်နေလိုက်သည်။
" အ့ အ့ အားးးး နာတယ် အမေရေ "
" နာပစေ နာအောင်ကိုဆွဲနေတာ "
" အ့ အန်တီ လွှတ် လွှတ်ပါတော့ "
" ဆေးလိပ်သောက်နေပေါ့ဟလား၊သိပ်ကြိုက်နေတယ်ပေါ့လေ၊အသက်ကဖြင့်လက်တောက်လောက်လေးနဲ့ဆေးလိပ်ကသောက်တတ်နေပြီ၊ပေးစမ်းဆေးလိပ်ဘူး၊လိမ်မာတယ်လို့ချီးကျူးကာရှိေသးတယ်၊နောက်တစ်ခါထပ်မိလို့ကတော့ဒီတစ်ခါဗိုက်ခေါက်ဆွဲတာထက်ပိုဆိုးမယ်နော် ဧကရီမောင် "