" အရီးရေ အရီး "
" လဲ့ရည်ပါလား ဝင်ခဲ့လေတော်၊ဘယ်ကနေလှည့်လာတာတုန်း "
ဘယ်ကမှလှည့်လာတာမဟုတ်ဘူးအရီးတို့အိမ်ကိုပဲလာခဲ့တာ။ဒီမှာလေမောင်ကလေးအတွက်ဟင်းလာပို့တာ။ဟိုနေ့ကဝက်သားကြိုက်တယ်ပြောလို့အိမ်မှာဒီနေ့ချက်တာနဲ့သတိရလို့လာပို့တာ။ဒါနဲ့မောင်ကလေးရော မတွေ့ပါလား။
" အနောက်မှရှိပါ့သူ့အန်တီကိုအလုပ်တွေဝိုင်းကူနေလေရဲ့၊အရီးခေါ်ပေးမယ်လေ "
" နေနေအရီး လဲ့ရည်ဘာသာပဲသွားတွေ့လိုက်မယ် "
" ဟိတ် မောင်ကလေး ဘာတွေလုပ်နေတာလဲ "
" ဟာ အမလဲ့ရည် ဘယ်သူ့ဆီလာတာလဲ မောင့်ဆီလား "
" ဟုတ်ပတော် အိမ်မှာမောင်ကလေးကြိုက်တဲ့ဝက်သားဟင်းချက်လို့အမလာပို့တာ "
" ဟီး အ့ကြောင့်အမလဲ့ရည်ကိုချစ်နေရတာ "
" တော်ပါအပိုတွေ ကျုပ်တို့ဆီတောင်လာမလည်ပဲနဲ့များ "
" မောင်ရွာထဲမရောက်ဖြစ်လို့ပါ အမကလည်း "
နေကြာတစ်ယောက်လက်ဖက်ပန်းကန်ယူပြီးပြန်လာတော့ဟိုကလေးနှင့်လဲ့ရည်တစ်ယောက်ဘာတွေပြောနေကြလဲမသိပြုံးပျော်လို့ပင်၊ဘယ်ချိန်တုန်းကဒီလောက်ရင်းနှီးသွားသလဲမသိ၊မောင်ကလေး မောင်ကလေးဖြင့် အမြင်ကပ်စရာပင်၊၊လက်ဖက်ပန်းကန်ကိုသွားချပေးကာခုံတွင်ပြန်ထိုင်၍စာရင်းများအားပြန်ကြည့်နေလိုက်သည်။သို့သော်စိတ်ထဲတွင်.......
** တခြားသူတွေနဲ့ဆိုရင်ရုပ်ကြီးကပြုံးဖြီးနေတာပဲ မုန်းချင်စရာကြီး၊ အို သူ့ဟာသူဘယ်သူနဲ့ဘာဖြစ်ဖြစ် ငါနဲ့ဘာဆိုင်တုန်း **
" ငယ်ငယ်တုန်းကကျတော့ ကြီးလာရင်ငါ့ကိုယူမှာလို့ပြောထားပြီးတော့ မိန်းမတွေများကောင်းကိုမကောင်းဘူး "
" အန်တီ ဘာမကောင်းတာလဲ "
" ဟင် အမ် ဘောပင်လေ ဘောပင် ဒီေဘာပင်ကရေးလို့မကောင်းဘူးပြောတာ "
သေလိုက်ပါေတာ့နေကြာလင်းရယ် စိတ်ထဲကစကားကိုပြောထွက်ရတယ်လို့၊၊
လွန်ခဲ့သောဆယ်နှစ်ခန့်က .......
" မာမီ ဒိီအန်တီကချောလိုက်တာ "