Chapter 11

145 23 0
                                    


ဖြာကျနေသောနေရောင်အောက်မှာ ဘေးချင်းကပ်ထိုင်နေတဲ့ ချီလဲ့နဲ့ ရှန်းကျိုးကို ဒုတိယတန်း၏ တံခါးပေါက်ကနေ ကျွမ်းရှင်းချွမ်းတစ်ယောက် ကြက်သေသေကာကြောင်ကြည့်နေမိသည်။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေမှာ ဖုံးကွယ်မထားနိုင်တဲ့ အပြုံးရိပ်တို့ ဖြတ်ပြေးနေသည်။ သူတို့ချင်း ပြောနေတာကိုတော့ ကျွမ်းရှင်းချွမ်း မကြားရပေ။

........

ကျွမ်းရှင်းချွမ်း၏ မျက်လုံးများ ပိုမဲနက်လာသလိုရှိကာ သူ့အမူအရာမှာ လဒမှိုင်မှိုင်သလို ဖြစ်နေသည်။ သူ ကျောင်းနှင့် တစ်လခွဲသာ ဝေးကွာနေခဲ့သော်လည်း ချီလဲ့နှင့် ရှန်းကျိုးတို့၏ ဆက်ဆံရေး ပြောင်းလဲသွားပုံမှာ ကမ္ဘာမြေကြီး တုန်လှုပ်သွားသကဲ့သို့ ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်သည်။ ယခင်က ချီလဲ့သည် ရှန်းကျိုးရှေ့တွင် ဘယ်သောအခါမှ ဤသို တည်တည်ငြိမ်ငြိမ်ရှိခဲ့သည် မဟုတ်ပေ။

ကျွမ်းရှင်းချွမ်းသည် ရှန်းကျိုးကို ခဏလောက် စိုက်ကြည့်ပြီးနောက် စိတ်မသက်မသာသောမျက်နှာဖြင့် ဘေးချင်းကပ် တတိယတန်းသို့ ပြန်သွားသည်။ သူ၏ နဂိုပုံစံဖြစ်သည့် နူးညံ့ကြင်နာမှုနှင့် ဖော်ရွေမှုတို့မှာ ပြောင်းလဲသွားပြီး သူ့ကို နှုတ်ဆက်ကြတဲ့ လျှောက်လမ်းတစ်လျှောက်က အတန်းဖော်များကိုပင် လျစ်လျူရှုထားခဲ့သည်။

ရှန်းကျိုးက သူ့ကို သင်ပေးမည်ဟု ကတိပေးခဲ့သောကြောင့် ချီလဲ့သည် တစ်နေ့တာလုံး အလွန်ပျော်ရွှင်နေပြီး စာရွတ်ဆိုသံပင် ခါတိုင်းထက် ပိုမို ကျယ်လောင်နေတော့သည်။

ရှန်းကျိုးသည် ခဏတာ ငြိမ်သက်စွာ နားထောင်ခဲ့ပြီး ချီလဲ့မှာ စာရွတ်ဖတ်ရာတွင် အလွန်မြန်ဆန်နေကြောင်း တွေ့ရှိခဲ့သည်။

ရှန်းကျိုး ဒီနေရာမှာ ထိုင်ဖြစ်နေတာ အတော်ကြာပြီ။ သူသတိထားမိသလောက် ချီလဲ့သည် အတန်းထဲတွင် စာကို ဂရုတစိုက် နားထောင်လေ့ရှိပြီး အမူအကျင်းကောင်းသူဖြစ်ကာ အလွန်ကြိုးစားသူ ဖြစ်သည်။ အဆင့် တက်လိုက် ကျလိုက် ဖြစ်နေခြင်းကိုတော့ ရှန်းကျိုး အနည်းငယ် ထူးဆန်းနေမိခဲ့သည်။

ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူး [Complete]Donde viven las historias. Descúbrelo ahora